Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ တွင် ၂ ရက် အတွင်း ၇ပေခန့်မြင့်တက်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ တွင် (၅၃၁) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး၊ (၂)ရက်အတွင်း (၇)ပေခန့် မြင့်တက်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါမြစ်ရေသည် ဗန်းမော်မြို့ နှင့် ရွှေကူမြို့တို့တွင် (၁)ရက်အတွင်း (၂)ပေခွဲမှ (၅)ပေခန့်အထိ မြင့်တက်ခဲ့ကြောင်း၊ ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သောမြစ်ရေများသည် နောက်(၁)ရက်မှ (၃)ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့ နှင့် ကသာမြို့တွင် (၁)ပေခွဲမှ (၅)ပေခွဲခန့်၊ နောက်(၂)ရက်မှ (၅)ရက်အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၃)ပေမှ(၅)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်း နှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်သူများအနေဖြင့်လည်း မြစ်ရေမြင့်တက်လာနိုင်မှုကို ဂရုပြုနေထိုင် သင့်ပါကြောင်း မိုးဇလ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.