Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် တွင် လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံး

အမေရိကန်နိုင်ငံ တွင် ပျက်ကျခဲ့သည့် လေယာဉ်ငယ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အရှေ့ပိုင်း Huntsville မြို့တွင် ဧပြီ ၂၅ ရက် က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း သိရသည်။

ဟူစတန်ဒေသတွင်းလေဆိပ် တစ်ခုမှ ထွက်ခွာလာသော အင်ဂျင်နှစ်လုံးပါ Cessna 421 လေယာဉ်သည် Huntsville မြို့ အနီးရှိ ရေအိုင်တစ်ခုအတွင်းသို့ ဒေသစံတော်ချိန် နံနက် ၁၀း၃၀နာရီ၌ မပျက်ကျခင် သစ်ပင်များနှင့် ဝင်တိုက်မိပြီး မီးလောင်ကျွမ်းခဲ့ကြောင်း အများပြည်သူလုံခြုံရေးဆိုင်ရာ တက္ကဆက်ဋ္ဌာန (DPS) ကပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်အား ရေအိုင်အတွင်း ဇောက်ထိုးအနေအထားဖြင့်တွေ့ခဲ့ရပြီး သေဆုံးသူ လေယာဉ်မှူး၏ ရုပ်အလောင်းအား လေယာဉ်ပျက်ကျသည့်နေရာတွင် ရေငုပ်သမားများက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံဖယ်ဒရယ်လေကြောင်းဦးစီးဋ္ဌာန (FAA) က ယင်းမတော်တဆဖြစ်ရပ်အား အတည်ပြုခဲ့ပြီး လေယာဉ် မီးလောင်ပြီးမပျက်ကျခင် လောင်စာဆီ နှင့် ပတ်သက်၍ ပြဿနာရှိနေနိုင်ကြောင်း လေယာဉ်မှူးက အကြောင်းကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရခြင်း၏အမှန်တကယ် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.