တိုရွန်းတို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဟမ်မယ်လ်တန်မြို့ တွင် အိမ်များမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ လူ ၃ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူများက သြဂုတ် ၆ ရက် တွင် ပြောကြားသည်။
နယူးဒေလီ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ၊ မွန်ဘိုင်းမြို့၌ သြဂုတ်လ ၇ ရက် နံနက်ပိုင်းက နှစ်ထပ် အဆောက်အအုံ တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယအကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ရီယို ဒီဂျနေရို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ရီယို ၂၀၁၆ အိုလံပစ် မြင်းပြိုင်ကွင်း၌ နယူးဇီလန် အသင်း တာဝန်ရှိသူတစ်ဦးမှာ သြဂုတ်လ ၆ ရက်က သေနတ်ကျည်ဆန် လာရောက်ထိမှန်မည့်ဘေးမှ ကံကောင်းစွာ သီသီလေး ကင်းလွတ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် ရီယို အိုလံပစ်ပြိုင်ပွဲအား အကာအကွယ်ပေးရန် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ထောက်လှမ်းရေးသမား ၁ဝဝဝ ဦးကို စေလွှတ်ထားကြောင်း အမေရိကန်ပြည်တွင်းသတင်းဌာနများက ရေးသားဖော်ပြသည်။
အယ်လ်ဂျီးရီးယား၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားလေယာဉ်တစ်စီးသည် သြဂုတ် ၆ ရက်က ပြင်သစ်နိုင်ငံ Marseille မြို့သို့ ဦးတည် ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပေါ်ခဲ့၍ မက်ဆီးဒိုးနီးယားပင်လယ် အလယ်လောက်ခန့်မှ အယ်လ်ဂျီးရီးယားနိုင်ငံသို့ ယူ- ပုံသဏ္ဍာန် ပြန်ကွေ့ခဲ့ရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။