ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရထားစီးခရီးသည်များ လုံခြုံစိတ်ချစွာ ရထားစီးအဆင်ပြေစေရန်အတွက် ရန်ကုန် မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းရှိရထားတွဲဆိုင်းများ၌ ရထား ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေး လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံစစ်တပ်က စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများအား ဖြတ်တောက်နိုင်ရန် အတွက် အာဖဂန်နစ္စတန်နိုင်ငံ နှင့် ထိစပ်နေသော နယ်စပ် တစ်ခုလုံးကို ခြံစည်းရိုးကာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တီကရစ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြောက်ဘက်အလယ်ပိုင်း ရှိ ဆာလာဟူဒင်ပြည်နယ် တွင် ဇွန်လ ၂၁ ရက် က အသေခံဗုံးခွဲသမား ၁၂ဦး အား ဗုံးဖောက်ခွဲမှု မပြုလုပ်ခင် အီရတ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များက သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့ ဘူတာကြီးတွင် ဇွန်လ ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော အသေးစားပေါက်ကွဲမှု အား အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ဘယ်လ်ဂျီယံ ပြည်ထောင်စု ရှေ့နေရုံး ၏ ပြောရေးဆိုခွင့်ရှိသူ က သတင်းထောက်များ သို့...