Connect with us

North America

စက္ကူဖြင့် စမ်းသပ်ပြီး စက္ကန့် ၃၀ အတွင်း သွေးအုပ်စု အမျိုးအစား ခွဲခြားနိုင်ပြီ

စက္ကူ အသုံးပြု သွေးအုပ်စု စစ်ဆေးချက် ကိရိယာအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

စက္ကူကို အလွယ်တကူ အသုံးပြုပြီး ဈေးနှုန်းလည်း သက်သာ အဖြေလည်း မှန်ကန်သည့် တိကျသော သွေးအုပ်စု အမျိုးအစား အဖြေ တစ်ခုကို စက္ကန့် ၃၀ အတွင်း သိရှိနိုင်ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံ သုတေသန ပညာရှင်များက မတ်လ ၁၅ ရက်က ပြောကြားလိုက်သည်။

အဆိုပါ လေ့လာတွေ့ရှိချက်အား အမေရိကန် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ထို တွေ့ရှိချက်မှာ သွေး အုပ်စု အမျိုးအစား ခွဲခြားရန်အတွက် ရိုးရှင်းကာ ကုန်ကျစရိတ် သက်သာသည့် နည်းဗျူဟာ တစ်ခု ဖြစ်ကြောင်း တရုတ်နိုင်ငံ တတိယ တပ်မတော် ဆေးတက္ကသိုလ်မှ ဟုန်ကျန်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ပြောကြားခဲ့သည်။

Micrroplate သို့မဟုတ် Gel-column စသည်တို့ဖြင့် သမားရိုးကျ စမ်းသပ်ခြင်းသည် အချိန်ကြာမြင့်ခြင်း၊ လုပ်သား အင်အားများပြားခြင်းနှင့် နည်းပညာဆိုင်ရာ လေ့ကျင့်မှု လိုအပ်ချက်များ ရှိကြောင်း သိရသည်။

စက္ကူအခြေခံ စမ်းသပ်မှု အသစ်သည် သမားရိုးကျ နည်းလမ်းများနှင့် ကွဲပြားပြီး သွေး အမျိုးအစား ABO နှင့် Rh သွေး အုပ်စုများအား အချိန် ၃၀ စက္ကန့်ပင် မကြာဘဲ စစ်ဆေး အဖြေထုတ်ပေးမည် ဖြစ်သည်။

ယခုလို စမ်းသပ်မှုအား လုပ်ဆောင်မည်ဆိုပါက သုတေသီများသည် သွေးရည်ကြည် ပရိုတိန်းများနှင့် Bromocreosol green ခေါ် ဆိုးဆေးတို့အကြား ဓာတု တုန့်ပြန်မှုအား အသုံးပြုခြင်း ဖြစ်သည်။

စမ်းသပ်စက္ကူ တစ်ခုစီ မျက်နှာပြင်တွင် A သို့မဟုတ် B ကဲ့သို့ မတူညီသော သွေး အမျိုးအစားများ စုစည်းထားသည့် ပဋိပစ္စည်းများ တပ်ဆင်ထားကြောင်း သိရသည်။

ယင်း စမ်းသပ်စက္ကူပေါ်သို့ သွေး တစ်စက်ချလိုက်ပါက စက္ကူပေါ်ရှိ စစ်ဆေးပေးမည့် အပေါက်လေး အရောင် ပြောင်းသွားကာ ရလဒ်အဖြေ ခွဲခြားပေးမည် ဖြစ်သည်။

စက္ကူ အခြေခံထားသည့် စစ်ဆေးချက်သည် သွေးရည်ကြည်ထဲရှိ ပဋိပစ္စည်းအား ရှာဖွေခြင်း ဖြစ်ပြီး အချိန် နှစ်မိနစ်ခန့်ဖြင့် လူနာ တစ်ဦး၏ သွေး အမျိုးအစား အပြည့်အစုံ သိရှိနိုင်မည် ဖြစ်သည်။

လက်တွေ့ သွေးနမူနာပေါင်း ၃၅၅၀ အား အထက်ပါအတိုင်း စမ်းသပ်စစ်ဆေးခဲ့ရာ ၉၉.၉ ရာခိုင်နှုန်းမှာ အဖြေမှန်ကန်ကြောင်း ပြသနိုင်ခဲ့သည်ဟု ဆိုသည်။

“ဒီလို စမ်းသပ်နိုင်တာဟာ သွေးအမျိုးအစား ခွဲခြားတဲ့ နည်းဗျူဟာသစ် အတွက်သာပဲ မဟုတ်ပါဘူး၊ အချိန်၊ လုပ်သားအင်အား အကန့်အသတ်ရှိနေတဲ့ အခြေအနေ၊ စစ်ပွဲဇုန်တွေ၊ ထိန်းချုပ် ဧရိယာတွေနဲ့ အရေးပေါ် အခြေအနေတွေမှာပါ အထောက်အကူ ဖြစ်စေမှာပါ” ဟု ရှာဖွေတွေ့ရှိချက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.