ဂျနီဗာ၊ ဒီဇင်ဘာ ၆ရက် (ဆင်ဟွာ) Gotthard မြေအောက်လိုဏ်ခေါင်း အား စမ်းသပ်စစ်ဆေးမှုများ လပေါင်းများစွာပြုလုပ်ပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဖယ်ဒရယ်ပို့ဆောင်ရေးရုံး က ဆွစ်ဇာလန်နိုင်ငံ မှ ရထားများ လာမည့်အပတ်တွင် Gotthard မြေအောက်လိုဏ်ခေါင်း ကို အသုံးပြု၍ ခရီးသည်တင်ဆောင်ခြင်း နှင့် ကုန်စည်ပို့ဆောင်မှုများပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့မဈေးကြီးအ တွင်း ဈေးကွက်အတွင်းရှိ ငရုတ်သီး မှုန့် (၅) မျိုးတွင် မှိုဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin ပါဝင်နေကြောင်း စိစစ်တွေ့ရှိ ရသဖြင့် စစ်ဆေး ခြင်းကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက်...
ဆိုးလ်၊ဒီဇင်ဘာ၆ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေးသည် ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ရာထူးမှ နှုတ်ထွက်ပေးရန် အာဏာရပါတီ(Saenuri Party) ၏ တောင်းဆိုမှုကို လက်ခံစဉ်းစားပေးခဲ့ကြောင်း သမ္မတအိမ်တော်တွင် ပတ်ဂွမ်ဟေး နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် တောင်ကိုးရီးယားနိုင်ငံလွှတ်တော်၌ ဒီဇင်ဘာလ ၆ ရက်တွင် ပါတီတာဝန်ရှိသူများက သတင်းသမားများအား ထုတ်ဖော်ပြောကြားလိုက်သည်။
ရှန်ရှီး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ်တွင် အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သူ Liu Xiaodong သည် ၂ နှစ်ခန့် အချိန်ယူပြီး ပန်ဒါကြီးများ၏ မစင်မှ စက္ကူထုတ်လုပ်သည့် နည်းကို စမ်းသပ်အောင်မြင်ခဲ့သည်။ ထိုသို့စမ်းသပ်ရာတွင် လိုအပ်သည့် ပစ္စည်းများနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ...
နန်ကျင်း၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ပထမဆုံးဖြစ်လာမည့် အာနိသင်ကြာရှည်ခံ HIV ရောဂါကုသဆေး (ထိုးဆေး) ကို တရုတ်နိုင်ငံပြည်တွင်းတွင် ထုတ်လုပ်နိုင်ခဲ့ပြီး တရုတ်အစားအသောက်နှင့် ဆေးဝါး ထိန်းချုပ်ကွပ်ကဲရေးဋ္ဌာန ၏ ခွင့်ပြုချက်ရယူရန် တင်သွင်းစောင့်ဆိုင်းနေကြောင်းသိရသည်။ Albuvirtide ဟုအမည်ရသည့်အဆိုပါ ဆေးဝါးအားသုတေသနပြုလုပ်ခြင်းကို ၂ဝဝ၃ ခုနှစ်တွင် စတင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများကို ၂ဝ၁၄...