Connect with us

Local

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအတွင်း ပံုံမှန်ပို့ကုန် ဒေါ်လာ ၅၁၆၅.၁၆ သန်းရှိခဲ့

နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၃၈ . ၄၃ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈၄ . ၇၄ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ဝ၂၃ . ၁၇ သန်းရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရသည်။

ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၄ဝ.၈၆ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၂၄၇. ၅ဝ နှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၈၈.၃၆ သန်းဖြစ်သဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာလအတွက် စုစုပေါင်းကုန်သွယ်မှုပမာဏာမှာ အမေရိကန်ဒေါ် လာ၂၈၁၁.၅၃ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၇၆၅.၁၉ သန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၁၆၅ .၁၆ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၃၃၇.၂၇ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၅ဝ၂ ဒသမ ၄၃ သန်းဖြစ်ပြီး ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၅ဝ၃.၅၆ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁ဝ၃.၆၂ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၆ဝ၇.၁၈ သန်းဖြစ်သဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ် ဧပြီလမှ ဒီဇင်ဘာအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏာမှ ၂ဝ၁ဝ၉.၆၁ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃၁ဝ၄.၇၅ သန်းဖြစ်ပေါ် ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.