Connect with us

Sport

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲများအတွက် အုပ်စုပွဲစဉ်များစာရင်း ထွက်ရှိ

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

AFF U-18 Championship 2017 ကို စက်တင်ဘာလ ၄ ရက်မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ နယူးဇီလန်တို့နှင့် ကျရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

နယူးဇီလန်အသင်းကို အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ဧည့်သည်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့် AFF U-18 Championship 2017, AFF U-15 Championship 2017 နှင့် AFF Futsal Championship 2017 ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပသော AFF ကောင်စီ အစည်းအဝေးတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

AFF U-15 Championship 2017 ကို ဇူလိုင်လအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် အိမ်ရှင် ထိုင်း၊ သြစတြေးလျ၊ လာအို၊ အင်ဒိုနီးရှား၊ စင်ကာပူအသင်းတို့နှင့် ကျရောက်လျက်ရှိသည်။

AFF Futsal Championship 2017 ကို အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၃ ရက်ထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ သြစတြေးလျ အသင်းတို့နှင့် ကျရောက်လျက်ရှိသည်။

AFF Women Championship 2017 ပြိုင်ပွဲကို ယခင်က မေလအတွင်း ကျင်းပရန် လျာထားခဲ့သော်လည်း ၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့် အမျိုးသမီးဘောလုံးပြိုင်ပွဲများ များစွာရှိနေသည့်အပြင် မလေးရှားနိုင်ငံတွင် ကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း အာဆီယံဒေသတွင်းနိုင်ငံများမှ အသင်းများသာ ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် AFF Women’s Championship 2017 ပြိုင်ပွဲကို ကျင်းပတော့မည်မဟုတ်ကြောင်း AFF ကောင်စီအစည်းအဝေး မှ ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.