နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း သို့မြန်မာနိုင်ငံက ဝင်ရောက်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက အတည်ပြုခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံ ဗဟိုဘဏ်က ဒီဇင်ဘာလ ၁၄ ရက်၌ ဘဏ် အတိုးနှုန်းများ တိုးမြှင့်လိုက်ပြီ ဖြစ်ပြီး လာမည့် နှစ်သစ်တွင် အတိုးနှုန်းမြင့်မြင့်ဖြင့် ဆက်သွားမည့် အရိပ်အယောင်ပင် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားခြင်းများကြောင့် လတ်တလော အခြေအနေတွင် အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ ၁၃၈၀ ကျော်မှ ၁၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လာဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကျောက်တံတားမြို့နယ်၊၉ ရပ်ကွက်၊ လမ်း ၄၀၊ အလယ်ဘလောက်ရှိ အမှတ်(၁၇၂)၊ ၈ထပ်တိုက်၊ ၈လွှာလူနေတိုက်ခန်းတွင် ယနေ့ နံနက် ၁၁နာရီကျော်က ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသော ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒေသခံများ၏ သဘောထား၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူမှုစီးပွားသက်ရောက်နိုင်မှုတို့ကို အဘက်ဘက်က လေ့လာသုံးသပ်ပြီး စံချိန်စံနှုန်းမီ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ (၄၂)ကြိမ်မြောက်...