Connect with us

Politics, Law & Military

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အဘက်ဘက်က လေ့လာသုံးသပ်ပြီး စံချိန်စံနှုန်းမီအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေဟု နိုင်ငံတော် သမ္မတဆို

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အားတွေ့ရစဉ်(ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသော ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒေသခံများ၏ သဘောထား၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူမှုစီးပွားသက်ရောက်နိုင်မှုတို့ကို အဘက်ဘက်က လေ့လာသုံးသပ်ပြီး စံချိန်စံနှုန်းမီ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ (၄၂)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂ဝ၁၆ ခုနှစ် မေလ ၃ဝ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ (၄)ရပ်ဖြစ်သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းကော်မတီ စသည်ဖြင့် ဖွဲ့စည်းထားရှိပြီး ပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ မြှင့်တင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။

အဆိုပါ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံကျသော ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တိုးတက်မှု များကို အထိုက်အလျောက် မြင်တွေ့နေရပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဆိုသည်။

ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့်အတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေး၊ အမိုးအကာအောက်ရောက်ရှိရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့် ရေရှည်သဘာဝဘေးဒဏ်ခံနိုင်ရေးတို့ကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.