Connect with us

North America

တစ်နှစ်ကြာ ဆိုင်းငံ့ထားပြီးနောက် အမေရိကန် ဗဟိုဘဏ် အတိုးနှုန်း တိုးမြှင့်

အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျက်နက် ယဲလ်လန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံ ဗဟိုဘဏ်က ဒီဇင်ဘာလ ၁၄ ရက်၌ ဘဏ် အတိုးနှုန်းများ တိုးမြှင့်လိုက်ပြီ ဖြစ်ပြီး လာမည့် နှစ်သစ်တွင် အတိုးနှုန်းမြင့်မြင့်ဖြင့် ဆက်သွားမည့် အရိပ်အယောင်ပင် ဖြစ်ကြောင်း သိရသည်။

အလုပ်သမား ဈေးကွက် အခြေအနေများနဲ့ ငွေကြေးဖောင်းပွမှု အခြေအနေတွေကို ကြည့်ပြီးတော့ ဗဟိုဘဏ် ရန်ပုံငွေ အတိုးနှုန်းကို ဝ.၅ မှ ဝ.၇၅ (1/2 to ¾) ရာခိုင်နှုန်း တိုးမြှင့်ဖို့ ကော်မတီက ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း နှစ်ရက်ကြာ မူဝါဒ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်ပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဗဟိုဘဏ်က ပြောကြားလိုက်သည်။

စီးပွားရေး အတန်အသင့် တိုးတက်လာခြင်း၊ အလုပ်သမား ဈေးကွက် ဆက်လက် ခိုင်မာနေခြင်းနှင့် ငွေကြေး ဖောင်းပွမှု ဆက်လက် မြင့်တက်နေခြင်း စသည့် အကြောင်းအချက်များက တစ်နှစ်နီးပါး ဆိုင်းငံ့ထားသည့် ဗဟိုဘဏ် အတိုးနှုန်းကို မြင့်တက်လာစေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။“အတိုးနှုန်း မြှင့်တင်လိုက်တဲ့ ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးအပေါ် သက်ရောက်မှု ရှိလိမ့်မယ်ဆိုတာ သေချာ နားလည်ပါတယ်၊ ကျွန်မတို့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် လုပ်ဆောင်မှာ ဖြစ်သလို စီးပွားရေးကလဲ အထိုက်အလျောက် ပြန်လည် ကောင်းမွန်လာမှာ ဖြစ်တယ်” ဟု အမေရိကန်နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျက်နက် ယဲလ်လန်က ဒီဇင်ဘာလ ၁၄ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည့် စီးပွားရေး ခန့်မှန်းချက်များအရ အမေရိကန် စီးပွားရေးသည် ယခုနှစ်တွင် ၁.၉ ရာခိုင်နှုန်း၊ လာမည့်နှစ်တွင် ၂.၁ ရာခိုင်နှုန်း စသဖြင့် အသီးသီး မြင့်တက်နိုင်ကြောင်း ဗဟိုဘဏ် အရာရှိများက မျှော်လင့်ထားသည်။ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အမေရိကန် ဗဟိုဘဏ်သည် ဆယ်စုနှစ် တစ်ခုနီးပါးအတွင်း ပထဆုံးအကြိမ်အဖြစ် အတိုးနှုန်းများ မြှင့်တင်ခဲ့သည်။

အမေရိကန်နိုင်ငံတွင် သမ္မတသစ် အဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက်ခံရပြီးနောက် ထရမ့်၏ အကောက်ခွန် မူဝါဒများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်း မျှော်မှန်းချက်များကြောင့် အမေရိကန် စတော့ခ် ဈေးကွက် အမြင့်ဆုံးအထိ ဖြစ်လာခဲ့သည်။“စီးပွားရေး မူဝါဒ အပြောင်းအလဲကြောင့် မတည်ငြိမ်ဖြစ်လာတာကိုတော့ ကျွန်မတို့ အသိအမှတ်ပြုရပါမယ်၊ ဒါကို ဗဟိုဘဏ် အနေနဲ့ ဘယ်လို တုံ့ပြန်သင့်ပြီး လုပ်ဆောင်သင့်သလဲ” ဟု ထရမ့်၏ စီးပွားရေး စီမံကိန်းအပေါ် ယဲလ်လန်က တုံ့ပြန်လိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.