အယ်လ်ခါကို(ဧပြီလ ၁၄ ရက်) တရုတ်နိုင်ငံ မှ Sinohydro ကုမ္မဏီကတည်ဆောက်ခဲ့သော အီကွေဒေါနိုင်ငံ၏အကြီးမားဆုံးရေအားလျှပ်စစ်စက်ရုံ ဖြစ်သော အားဧပြီလ ၁၃ ရက်က အီကွေဒေါနိုင်ငံ Coca Codo Sinclair စက်ရုံအားနာပိုပြည်နယ်၊ အယ်လ်ခါကို မြို့၌ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) သြင်္ကန်အကြိုနေ့တွင် နိုင်ငံတစ်ဝန်း၌ မတော် တဆမှု ၁၁ မှု ဖြစ်ပွားပြီး တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၄ရက် (ဆင်ဟွာ) ၂၀၁၆ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် ည(၈)နာရီ၊ (၂၅)မိနစ်၊ (၁၈)စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့် အဆောက်အဦများ ပြင်းပြင်းထန်ထန် ပြိုကျပျက်စီးခြင်းမရှိခဲ့ကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ပေကျင်း(ဧပြီလ ၁၄ ရက်) တရုတ်နိုင်ငံအစိုးရအနေဖြင့်အာဖရိကဒေသ၏စီးပွားရေး၌ပါဝင်ပူးပေါင်းဆောင်ရွက်ရေးနှင့်ကမ္ဘာ့စီးပွားနာလန်ထူရေးနှင့်တိုးတက်ရေးတို့အတွက်အာဖရိက၏စီးပွားရေးအင်အားအကြီးဆုံးနိုင်ဂျီးရီးယားနှင့်လက်တွဲဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းတရုတိဝန်ကြီးချုပ်လီခဲ့ချန် က ဧပြီလ ၁၃ ရက်ကပြောကြားခဲ့သည်။တရုတ်နိုင်ငံသို့ရောက်ရှိနေသောနိုင်ဂျီးရီးယား သမ္မတမူဟမ်မာဒူ ဘူဟာရီ နှင့်တွေ့ဆုံရာတွင် လ ီ ကနှစ်နိုင်ငံအကြားအပြန် အလှန်အကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်ရေးအလားအလာကြီးမားစွာရှိကြောင်းပြောခဲ့သည်။
ရန်ကုန် ၊ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဧပြီလ ၁၃ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်မြေငလျင်သည် ကုန်းတွင်း ငလျင်ဖြစ်သည့်အတွက် ဆူနာမီဖြစ်ရန် အလားအလာမရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။