Connect with us

Politics, Law & Military

အီကွေဒေါ၌အကြီးဆုံးမားဆုံးရေအားလျှပ်စစ်စက်ရုံဖွင့်လှစ်

အီကွေဒေါနိုင်ငံ Coca Codo Sinclair စက်ရုံ ၏တူးမြောင်းတစ်ခုအား တည်ဆောက်ဆဲ ကာလက တွေ့ရစဉ် (ဆင်ဟွာ)

အယ်လ်ခါကို(ဧပြီလ ၁၄ ရက်)

တရုတ်နိုင်ငံ မှ Sinohydro ကုမ္မဏီကတည်ဆောက်ခဲ့သော အီကွေဒေါနိုင်ငံ၏အကြီးမားဆုံးရေအားလျှပ်စစ်စက်ရုံ ဖြစ်သော အားဧပြီလ ၁၃ ရက်က အီကွေဒေါနိုင်ငံ Coca Codo Sinclair စက်ရုံအားနာပိုပြည်နယ်၊ အယ်လ်ခါကို မြို့၌ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားသို့အီကွေဒေါနိုင်ငံ ဒုတိယသမ္မတ ဂျော့ဂျ်ဂလပ်စ် တက်ရောက်ကာစက်ရုံ၏တာဘိုင်စက်လေးလုံးကိုစတင်လည်ပတ်ပြီးဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါစက်ရုံစီမံကိန်းမှာ ၉၅ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ပြီး တာဘိုင်စက်လေးလုံးကိုစွမ်းအားပြည့်လည်ပတ်နိုင်ခြင်းဖြင့်လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။၎င်းတို့အနက်အချို့ကိုအိမ်နီးချင်း ကိုလံဘီယာ သို့တင်ပို့ရောင်းချသွားခြင်းဖြင့် အီကွေဒေါ နိုင်ငံကိုစွမ်းအင်တင်ပို့သည့့်နိုင်ငံအဖြစ်သို့ရောက်ရှိစေမည်ဟုလည်းဒုတိယသမ္မတ ဂလပ်စ် ကပြောခဲ့သည်။ စက်ရုံစီမံကိန်းလုံးဝပြီးစီးသွားပြီးနောက်တွင်မူ ၎င်းက မဂ္ဂါဝပ် ၁,၅၀၀ ထိထုတ်လုပ် နိုင်မည်ဖြစ်ရာ အီကွေဒေါနိုင်ငံလျှပ်စစ်ဓါတ်အားလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။လာမည့်သြဂုတ်လ တွင်စက်ရုံစီမံကိန်းလုံးဝပြီးစီးမည်ဖြစ်ရာ
အီကွေဒေါနိုင်ငံ အတွက်လောင်စာတင်သွင်းမှုကြောင့်ကုန်ကျစရိတ်တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့်သက်သာစေမည်ဖြစ်သည်။

၎င်းစီမံကိန်းကို ဒေါ်လာ ၂.၂၄ ဘီလီယံ အကုန်အကျခံပြီး၂၀၁၀ ပြည့်နှစ်မှ
စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီးအလုပ်အကိုင်နေရာ ၇,၇၃၉ နေရာကိုလည်း
ဖန်တီးပေးနိုင်မည်ဖြစ်သည်။ Coca Codo Sinclair စက်ရုံက အီကွေဒေါနိုင်ငံ၌အများ
အားဖြင့်တရုတ်ကုမ္မဏီများတည်ဆောက်ခဲ့သောရေအားလျှပ်စစ်စက်ရုံ ခုနှစ်ခုအနက်
တစ်ခုလည်းဖြစ်သည်။
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.