Connect with us

Environment, Disasters & Accidents

ဧပြီလ ၁၃ ရက်နေ့ တွင်လှုပ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ဆူနာမီဖြစ်ရန်အလားအလာမရှိ

မိုးလေဝသပညာရှင်ဦးထွန်းလွင်အားမြင်တွေ့ရစဉ် (ဓာတ်ပုံ--ဦးထွန်းလွင်ဖေ့ဘွတ်)

ရန်ကုန် ၊ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ဧပြီလ ၁၃ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်မြေငလျင်သည် ကုန်းတွင်း ငလျင်ဖြစ်သည့်အတွက် ဆူနာမီဖြစ်ရန် အလားအလာမရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ဆူနာမီဖြစ်ရန်အတွက်ဆိုလျှင်မြေငလျင်ဟာရေအောက်ငလျင်ဖြစ်ရမည်ဖြစ်ပြီး၊ အင်အားက ရစ်ချ်တာစကေး (၇) ကျော်ရမည်ဖြစ်ကာ အနက်တိမ် အနေဖြင့် (Shallow depth depth< 60 km) ဖြစ်ရမည်ဖြစ်ကြောင်း၊မြေသားလှုပ်ရှားမှုဟာ ထောင်လိုက်လှုပ်ရှားမှုဖြစ်မှ သာ ဆူနာမီဖြစ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် ကဆိုသည်။

ဒေါက်တာထွန်းလွင်က “မနေ့ညက လှုပ်ခဲ့တဲ့ မြေငလျင်ဟာ ကုန်းတွင်းမြေငလျင်ပါ။ ဆူနာမီနဲ့ ဘာမှ မပတ်သက်ပါဘူး၊ ဘာမျှ မပတ်သက်တာကို သွားပြောနေရင် လူတွေက မဆိုင်ပါဘူးပြောမှ ပိုစိုးရိမ်လာနိုင်ပါတယ်။ ဒါပေမယ့် ကမ်းရိုးတန်းရောက်နေတဲ့ မိတ်ဆွေတွေက စိုးရိမ်ပြီးမေးလာကြတာနဲ့ အားလုံးအတွက် ကျွန်တော့်ဖေ့ဘွတ်မှာ ဖြေပေးလိုက်တာပါ။ ကျွန်တော်တို့ သဘာဝဘေးကိစ္စတွေမှာ အပိုတွေလုပ်လို့မရပါဘူး’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.