ကွေ့လျင်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အအေးလှိုင်းဝင်ရောက်လျက်ရှိပြီး အပူချိန် အနုတ် ၇ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ကွေ့လျင်မြို့သည် တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မြောက်ဘက်စွန်းတွင်တည်ရှိပြီး ဆီးနှင်းရေခဲများ တွေ့ရှိနိုင်သည့် နေရာများအနက် တစ်ခုဖြစ်သည်။ အမြဲစိမ်းပင်များတွင် အေးခဲအနုစိတ်သော...
ထျန်းကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းနှင့် တောင်အမေရိကအား ချိတ်ဆက်ထားသည့် လမ်းကြောင်းသစ်အား ဒီဇင်ဘာ ၂၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ကျိရှီဆန်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် ဒီဇင်ဘာ ၁၈ ရက် ညနှောင်းပိုင်းက အင်အား ၆.၂ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ယာယီပြောင်းရွှေ့စခန်းများ၌ စေတနာ့ဝန်ထမ်းများနှင့် စိတ်ကုထုံးပညာရှင်များက ငလျင်ဒဏ်ခံစားခဲ့ရသော ကလေးများကို ပန်းချီဆွဲခြင်း၊ ဂိမ်းကစားခြင်းနှင့် စာသင်ပြပေးခြင်း အပါအဝင် ပရဟိတစာသင်ခန်းများ စတင်ဖွင့်လှစ်ကာ...
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂါဇာဒေသရှိ အလွန်လိုအပ်နေသော အရပ်သားပြည်သူများအတွက် အကူအညီများ တိုးမြှင့်ပေးအပ်မှုဆိုင်ရာ အရေးကြီးသည့်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဒီဇင်ဘာ ၂၂ ရက်က ခွင့်ပြုခဲ့ကြောင်း၊ သို့ရာတွင် အစ္စရေးနှင့် ဟားမက်စ်ကြား “အရေးပေါ်စစ်မက် ရပ်ဆိုင်းခြင်း” အတွက် မူလတိုက်တွန်းချက်မှာမူ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆောပိုလိုပြည်နယ်၊ လူနေရပ်ကွက်တစ်ခု၌ ဒီဇင်ဘာ ၂၃ ရက်က လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦးအပါအဝင်၊ လူငါးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် သတင်းဖော်ပြခဲ့သည်။