မက်ဒရစ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရီးရဲလ်ဘက်တစ်အသင်းမှ တိုက်စစ်မှူး ဘော်ဂျာ အီဂလဲစီးယားစ်ကို ၎င်းတို့အသင်းသို့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဆယ်လ်တာဗီဂိုအသင်းက ဩဂုတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှား သမ္မတ ပူတင်တို့ ဩဂုတ် ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် သတ်မှတ်ထားသည်။ ယူကရိန်းအခြေအနေနှင့်စပ်လျဉ်းသည့် ဆွေးနွေးမှုအကြောင်းအရာများမှာ အာရုံစိုက်ဂရုပြုဖွယ်ဖြစ်လာသည်။ ယခုရက်များတွင် ရုရှားနှင့် ယူကရိန်းတို့က ကိုယ်စီ...
နယူးဒေလီ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် စက်တင်ဘာလကုန်တွင် အမေရိကန် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်၍ အမေရိကန် သမ္မတ ထရမ့်နှင့်တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် စည်းကြပ်ခွန် အရေးကိစ္စများအား ဆွေးနွေးနိုင်ခြေရှိကြောင်း အိန္ဒိယမီဒီယာများက ဩဂုတ် ၁၃ ရက်တွင်...
မော်စကို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က သြဂုတ် ၁၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ရုရှားနှင့် အမေရိကန်ခေါင်းဆောင်များအကြား လာမည့်တွေ့ဆုံမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကို အသိပေးခဲ့ကြောင်း ကရင်မလင်နန်းတော်၏ထုတ်ပြန်ချက်အရ သိရသည်။
လန်ဒန်/ဘရပ်ဆဲလ်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ အစရှိသည့် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး ၂၄ ဦးက ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိစေရမည်ဟု ပူးတွဲကတိပြုခဲ့ပြီး ဂါဇာဒေသ၏ လူသားချင်းစာနာမှုဆိုင်ရာ အတိဒုက္ခမှာ တွေးဆ၍မရနိုင်လောက်သည့် အဆင့်သို့ ရောက်ရှိနေသည်ဟုလည်း အလေးအနက်ပြောကြားခဲ့သည်။