ဟူးဟောက် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များသည် ရှားပါးပြီး အတော်လေးပြည့်စုံသည့် ဒိုင်နိုဆောသားပေါက်ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
မော်စကို ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးသည် အခြားမည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ရန်မဟုတ်ကြောင်း နှင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဆိုချီမြို့(Sochi) ၌ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ချုံချင့်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံချုံချင့်မြူနီစပယ်ဒေသသည် ကမ္ဘာ့အကြီးဆုံးမြူနီစပယ်ဒေသများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပြီးလူဦးရေ ၃၂ သန်းကျော်နေထိုင်လျက်ရှိသည်။ထိုကဲ့သို့ များပြားလှသည့်ဒေသခံပြည်သူများသည် ၎င်းတို့၏ နေ့စဉ်သွားလာလှုပ်ရှားမှုတွင် ရထားလမ်းကွန်ရက်ကိုအဓိကအသုံးပြုလေ့ရှိသည်။ ချုံချင့်မြို့၏ အံ့မခန်းလှပသည့်ရထားလမ်းကွန်ရက်ကိုကနေဒါနိုင်ငံသား youtuber Alex Reporterfyဆိုသူကရိုက်ကူးမှတ်တမ်းတင်ထားပါသည်။ (Xinhua) …………………… (English Version) GLOBALink | China’s Chongqing...
ဒမတ်စကပ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်မြို့လယ်တွင်ဗုဒ္ဓဟူးနေ့ကစစ်တပ်သုံးဘတ်စ်ကားတစ်စင်းပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံးလူ ၁၄ဦး သေဆုံးပြီး အခြား၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းSANA နိုင်ငံပိုင်သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ စစ်တပ်၏ထုတ်ပြန်ချက်ကိုကိုးကားဖော်ပြသည့်အဆိုပါသတင်းထဲတွင် စစ်တပ်သုံးဘတ်စ်ကား၏အောက်ခြေ၌ပေါက်ကွဲစေတတ်သည့်ကိရိယာ ၃ခုကို တပ်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ကိရိယာနှစ်ခုမှာဒမတ်စကတ်မြို့လယ်ရှိ သမ္မတတံတားတွင်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲခြင်းမရှိဘဲကျန်နေသည့် နောက်ထပ်ကိရိယာတစ်ခုအား ဗုံးရှင်းလင်းရေးအဖွဲ့ကရှင်းလင်းနိုင်ခဲ့ကြောင်းဆိုသည်။ တစ်ပြိုင်တည်းမှာပင်နိုင်ငံပိုင်သတင်းအေဂျင်စီကမီးလောင်ကျွမ်းသည့်အခြေအနေကိုစစ်ဆေးနေသောစစ်ဘက်အရာရှိများနှင့်မီးလောင်ကျွမ်းခဲ့သည့်ခရီးသည်တင်ဘတ်စ်ကား၏ဓာတ်ပုံများကိုထုတ်ပြန်ခဲ့သည်။ သမ္မတတံတားသည်ဒမတ်စကတ်မြို့တွင်အလွန်စည်ကားသည့်နေရာဖြစ်ပြီးမြို့ထဲသို့သွားရောက်နိုင်သောဘတ်စ်ကားများ၊မီနီဘတ်စ်ကားများနှင့်မီနီဗန်ကားများစွာရပ်နားဆိုက်ကပ်ရာသယ်ယူပို့ဆောင်ရေး၏အဓိကအချက်အချာနေရာတစ်ခုဖြစ်သည်။...
စိန်ရန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ၏ မြို့တော် စိန်ရန်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီးအခြား ၃၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းထုတ်ပြန်ရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ပေါက်ကွဲမှုဖြစ်စဉ်မှာ စိန်ရန်မြို့ ဟယ်ပင်ခရိုင်ရှိ ထိုက်ယွမ်နန်လမ်းပေါ်တွင်တည်ရှိသည့် စားသောက်ဆိုင်၌ ကြာသပတေးနေ့ မနက် ၈...