တရုတ်နိုင်ငံ ဈေးကွက်တွင် ၂၀၂၂ ခုနှစ်အတွင်း ခေါက်ဖုန်း ရောင်းအားများမှာ ၂၀၂၁ ခုနှစ်ကထက် ၁၄၄.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ယင်းလုပ်ငန်းအစီရင်ခံစာက ဖော်ပြထားသည်။ ယမန်နှစ်က အဆိုပါ ဖုန်းအလုံးရေ ၂.၈၃ သန်း ရောင်းချနိုင်ခဲ့သော ပမာဏသည် သုံးလပတ်တာကာလ ၉ ခုဆက်တိုက် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သုတေသနနှင့် အကြံပေးကုမ္ပဏီ...
တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းသည် အာရှတိုက်တွင် မျှော်လင့်ချက်များကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း Bloomberg က သတင်းဖော်ပြခဲ့သည်။ အရှေ့တောင်အာရှရှိ စက်ရုံများသည် မှာယူမှုအသစ်များ တန်းစီနေသဖြင့် ဇန်နဝါရီလအတွင်း ထုတ်လုပ်မှုနှင့် ဝယ်ယူမှု အရှိန်မြှင့်တင်ခဲ့ကြောင်း S&P ကမ္ဘာ့ကုန်ထုတ်လုပ်မှုလုပ်ငန်း ဝယ်ယူမှုမန်နေဂျာ အညွှန်းကိန်းမှ အချက်အလက်များအရ သိရသည်။ (Xinhua) ……………………………… (English...
COVID-19 ကပ်ရောဂါက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြင့်မားသော ဦးစားပေးအဖွဲ့များကို ပိုမိုကောင်းမွန်စွာ လွှမ်းခြုံနိုင်ရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ကာကွယ်ဆေးထိုးနှံမှုအရှိန်အဟုန်မြှင့်တင်ရန် ယခင်လက တိုက်တွန်းပြောကြားခဲ့သည်။ ကမ္ဘာကြီးအနေဖြင့် ချမ်းသာသောနိုင်ငံများနှင့် ဝင်ငွေနည်းပါးသောနိုင်ငံများကြား COVID-19 ကာကွယ်ဆေး ဖြန့်ချိမှု မညီမျှခြင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး ရင်ဆိုင်နေရသည်။...
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ် ရွှေ့ဆိုင်းမည်ဟူသော အမေရိကန်၏ ကြေညာချက်အပေါ် သတင်းထောက်၏မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၄ ရက်တွင် ပြန်လည်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏မောင်းသူမဲ့လေသင်္ဘော အမေရိကန်လေပိုင်နက်အတွင်း ဝင်ရောက်လာမှုကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ခရီးစဉ်ကို ရွှေ့ဆိုင်းမည်ဟု ဖြစ်ကြောင်း...
တရုတ်နိုင်ငံ ပြည်မကြီးနှင့် ဟောင်ကောင်ကြား ပုံမှန်ခရီးသွားလာရေးကို ဖေဖော်ဝါရီ ၆ ရက်မှ စတင်၍ အပြည့်အဝပြန်လည်စတင်တော့မည်ဖြစ်ကာ နေ့စဉ် ခရီးသွားအရေအတွက် ကန့်သတ်မှုစနစ်နှင့် ခရီးမထွက်ခွာမီ nucleic acid စစ်ဆေးမှု လိုအပ်ချက်များကိုလည်း ပယ်ဖျက်လိုက်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်များတွင် နေ့စဉ်ခရီးသွားလာသူအရေအတွက် ပြဋ္ဌာန်းသတ်မှတ်မှုတစ်စုံတစ်ရာ မရှိတော့ဘဲ နယ်စပ်စစ်ဆေးရေးနေရာများအားလုံး ဖွင့်လှစ်ခြင်း၊...