ဘစ်ဆော၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ဂီနီဘစ်ဆောနိုင်ငံ သမ္မတ Umaro Sissoco Embalo က ၎င်းတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများကို ဇူလိုင် ၁၁ ရက်တွင် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ဇူလိုင် ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွင် အီဂါ ဆဝိုင်ယာတက်ခ်က အာမန်ဒါ အန်နီဆီမိုဗာအား ၆-၀၊ ၆-၀ ဖြင့် အပြတ်အသတ် အနိုင်ယူကာ ၎င်းအတွက် ပထမဆုံး ဝင်ဘယ်ဒန်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
ရှန်ဟိုင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့သော ဆေးဘက်ဆိုင်ရာပစ္စည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တရုတ် နိုင်ငံတကာညီလာခံ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာပစ္စည်းများကို ပြီးခဲ့သည့်နှစ်က နိုင်ငံနှင့်ဒေသပေါင်း ၁၉၀ ကျော်ရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၉,၀၀၀ ကျော်ထံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် အာဆီယံ+ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်စဉ်အတွင်း တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သတင်းမီဒီယာများအား ဇူလိုင် ၁၂ ရက်တွင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် သီရိလင်္ကာနိုင်ငံနှင့် စိတ်ရင်းအမှန်ဖြင့် အပြန်အလှန်အကူအညီပေးရေးနှင့် ရေရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံသည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် သီရိလင်္ကာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၁၂ ရက်တွင် သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...