ဝါရှင်တန် ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး ယင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန် ၂၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။
ဒါကာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ COVID-19 အခြေအနေအရ ဇူလိုင် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးလော့ခ်ဒေါင်း (lockdown) ဆောင်ရွက်မည်ဖြစ်သဖြင့် ပညာရေးဌာနများ ပိတ်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ထိုင်းနိုင်ငံတွင် ဇွန် ၂၈ ရက်မှစ၍ ဘန်ကောက်စသည့် နေရာများ၌ ရောဂါကာကွယ်တားဆီးရေး နည်းလမ်းများကို တစ်ဆင့်တိုး တင်းကျပ်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) July 1 ဆုတံဆိပ် ချီးမြှင့်ခံရသူများသည် ပြည်သူများထဲမှပြည်သူများဖြစ်ကြပြီး ပြည်သူများအပေါ်အရင်းခံကြသူများပင်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။