ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံမှ အားကစားသမား ၈၆ ဦးကို တရုတ်နိုင်ငံသို့ ယခုလအတွင်း စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည့် နိုင်ငံများအားလုံးအနေဖြင့် လူသားများအတွက် ကံကြမ္မာအကျိုးတူအသိုက်အဝန်းအတွေးအမြင်အား လက်ခံသင့်ကြောင်း နှင့် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုအား ထောက်ခံသင့်ကြောင်း နိုဝင်ဘာ ၁၅ ရက် G20 ဘာလီထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/BKJ ——————————...
ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားစီးနင်းရန် ၎င်းအနေဖြင့် စိတ်အားထက်သန်လျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးက ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှုအား တွန်းအားသစ်များဖြည့်တင်းရန်၊ ခရီးသွားကဏ္ဍ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍနှင့် ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua) xhtxs.cn/BK0 ————————————— Indonesian...
ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) လက်ရှိတွင် စားအုန်းဆီစျေးနှုန်း ကျဆင်းနေမှု၊ ပြည်ပမှ ဆီထွက်သီးနှံအဝယ်လျော့နည်းမှု၊ ပဲဖတ်နှင့် နှမ်းဖတ် စျေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်တွင်းထုတ် ဆီစျေးနှုန်း ကျဆင်းဖွယ်ရှိကြောင်း ရန်ကုန်မြို့တွင်းက တစ် နိုင်တစ်ပိုင် ဆီလုပ်ငန်းလုပ်ကိုင်သူအချို့က သုံးသပ်ပြောဆိုသည်။ (Xinhua)
ချုံချင့်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) လွန်ခဲ့သော ၇ နှစ်တာကာလအတွင်း မဟာဗျူဟာမြောက် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ တရုတ်-စင်ကာပူ ကွန်ရက်ချိတ်ဆက်မှု သရုပ်ပြ ကနဦးစီမံကိန်းအရ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံကျော် တန်ဖိုးရှိသော စီမံကိန်း ၄၀၀ ကျော်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။