နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယတစ်နိုင်ငံလုံးတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၈၁,၄၆၆ ဦး ရှိသဖြင့် ရောဂါကူးစက်ခံရသူ အရေအတွက်စုစုပေါင်းမှာ ဧပြီ ၂ ရက်တွင် ၁၂,၃၀၃,၁၃၁ ဦးသို့ ရောက်ရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဂါဘရွန်နေ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ဘော့ဆွာနာနိုင်ငံ၏ လွှတ်တော်သည် COVID-19 ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ဟန့်တားရေးအတွက် နိုင်ငံ၏ ပြည်သူ့အရေးပေါ်အခြေအနေအား ၆လ ထပ်မံသက်တမ်းတိုးရန် မတ် ၃၁ ရက်တွင် အတည်ပြုခဲ့သည်။
မွန်ရိုးဗီးယား၊ ဧပြီ ၂ ရက် (ဆင်ဟွာ) လိုက်ဘေးရီးယားနိုင်ငံ အရှေ့တောင်ဘက်ပိုင်း မေရီလန်းကောင်တီရှိ အကျဉ်းထောင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၉၀ ဦးအား စတင်ရှာဖွေလျက်ရှိကြောင်း ရဲအရာရှိက ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ Sinovac Biotech ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်ထားသော Sinovac COVID-19 ကာကွယ်ဆေးဖြင့် နိုင်ငံသားများအား ဧပြီ ၁ ရက်က ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် မြို့နေပြည်သူများ တန်းစီစောင့်ဆိုင်းနေသည်ကို ဧပြီ ၁ ရက် တွေ့ရစဉ်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ကျင်ချန်ဆေးရုံ COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် နေရာတွင် အမျိုးသမီးတစ်ဦး...