ဗီယင်ကျန်း၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်-လာအို ရထားလမ်းခင်းမှုကို ဒီဇင်ဘာ ၂၉ ရက်က လာအိုနိုင်ငံ မြောက်ပိုင်း ရှေးဟောင်းမြို့တော် လွမ်ပရာဘွမ်အထိ အဆင်ပြေချောမွေ့စွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ယခုနှစ် နှစ်ဆန်းပိုင်းက သတ်မှတ်ထားသော ရထားလမ်းဆောက်လုပ်ရေး ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗြိတိန်နိုင်ငံတွင် COVID-19 ကပ်ရောဂါစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ညတွင်းချင်း ၅၀,၀၀၀ ကျော် မှတ်တမ်းရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံတွင် ယနေ့ COVID-19ရောဂါဖြစ်ပွားသူ ၅၈၇ ဦးတွေ့ရှိပြီး ရောဂါပိုးဖြစ်ပွားမှုသည် ၆ရက်ဆက်တိုက် ၃ရာခိုင်နှုန်းကျော်ထိ ကျဆင်းလာကြောင်း ဒီဇင်ဘာ ၃၀ရက် ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာအချို့အား စစ်ဆေးရာ ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၃၀ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၁၂ နာရီအတွင်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ဗိုင်းရပ်စ်အသစ်ကူးစက်မှု ၂၀ ခုအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀...