ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia က ကုလသမဂ္ဂ၌ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ရုရှားနိုင်ငံ၏ လေပိုင်နက်အသုံးပြုခြင်းမှ ပိတ်ပင်လိုက်ကြောင်း လေကြောင်းတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
အန်းဟွေး ၊ မတ် (၁) ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်တစ်ဦးအနေဖြင့် Cao Renxian သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်စက်ကို အဆင့်မြှင့်တင်ရန် အစဉ်ရည်ရွယ်ကြိုးပမ်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။(Xinhua) …………………………….. GLOBALink | Promoting renewable power generation in Anhui, China As a national...
ကိဗ် ၊ မတ် ၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky သည် အထူးလုပ်ထုံးလုပ်နည်းသစ်တစ်ခုမှတဆင့် ယူကရိန်းနိုင်ငံ၏ အဖွဲ့ဝင်အဖြစ်လျှောက်ထားမှုအဖြစ် ဥရောပသမဂ္ဂ(EU) ဝင်ခွင့်အတွက် တရားဝင်လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သမတပြောရေးဆိုခွင့်ရှိသူ Sergii Nykyforov က ဆိုသည်။