အော့တဝါ၊ မတ် ၁ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံက ယူကရိန်းနိုင်ငံအား ပံ့ပိုးရန် တင့်ဖျက်လက်နက်များနှင့် အဆင့်မြင့် ခဲယမ်းမီးကျောက်များ ပေးပို့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ဖေဖော်ဝါရီ ၂၈ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ မတ် ၁ ရက်(ဆင်ဟွာ) နေတိုးမှ ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်၊ တင့်ကားဖျက်လက်နက်နှင့်အခြားအကူအညီများ ပေးပို့နေပြီဖြစ်ကြောင်း နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဖေဖော်ဝါရီ ၂၈ ရက်တွင် လူမှုကွန်ရက် မီဒီယာ၌ ရေးသား ဖော်ပြခဲ့သည်။
ကရင်မလင်၊မတ် ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က နိုင်ငံ၏ မဟာဗျူဟာဟန့်တားရေး(နျူကလီးယားတပ်ဖွဲ့များကို) “အထူးတိုက်ပွဲဝင်အသင့်အနေအထား” ပြင်ဆင်ထားရန် ဖေဖော်ဝါရီ ၂၇ ရက်က ရုရှားစစ်တပ် ထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် မှာကြားခဲ့သည့် ရုပ်သံဖိုင်ကို ကရင်မလင်နန်းတော်မှ ထုတ်ပြန်ထားကြောင်းသိရသည်။ (Xinhua) ————————— (English Version) GLOBALink | Putin puts...
မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ) နောက်အကြိမ် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လာမည့်ရက်အနည်းငယ်အတွင်း ဘီလာရုဇ်-ပိုလန် နှစ်နိုင်ငံ နယ်စပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘီလာရုဇ်နိုင်ငံ၌ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Vladimir Medinsky ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် RIA...
ကိဗ်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားတပ်များက ကိဗ်မြို့ကို ကြိမ်ဖန်များစွာ ထိုးစစ်ဆင်နေသော်လည်း အောင်မြင်ခြင်းမရှိကြောင်း ယူကရိန်းကြည်းတပ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။