မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အထူးစစ်ဆင်ရေးများအတွင်း ရုရှားတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုများ ရှိကြောင်း ၊ သို့သော် အရေအတွက်က ယူကရိန်း အမျိုးသားရေးဝါဒီ၊ ယူကရိန်းတပ်ဖွဲ့ဝင် သေဆုံးဒဏ်ရာရသူထက် နည်းပါးကြောင်း ရုရှားကာကွယ်ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၂၃၄ ဦး ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏...
မော်စကို ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားနှင့် ဆွေးနွေးရန်အတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း Sputnik သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၂၇ ရက် ၀၀:၀၀ နာရီ အထိ ဟောင်ကောင်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆,၀၂၆ ဦး ထပ်တိုးလာကြောင်း တရုတ်နိုင်ငံ ဟောင်ကောင် အထူးဒေသအစိုးရ ကျန်းမာရေးဌာန ကျန်းမာရေးကာကွယ်မှုဗဟိုက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ယူကရိန်းနှင့်ရုရှား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် ရုရှား၌လိုအပ်သည့်အရင်းအမြစ်များပိုင်ဆိုင်ပြီး ဘဏ္ဍာရေးတည်ငြိမ်အောင်၊ ဘဏ္ဍာရေးကဏ္ဍလုပ်ငန်းများ လည်ပတ်မှု အာမခံရှိစေအောင် ဆောင်ရွက်၍ ရကြောင်း ဆိုသည်။