ပြုံးယမ်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ကင်းထောက်ဂြိုလ်တု တည်ဆောက်မှုအစီအစဉ်အရ ဖေဖော်ဝါရီ ၂၇ ရက်တွင် အရေးကြီးသည့်စမ်းသပ်မှုတစ်ခုအား ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ကိဗ် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့များသည် ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်သည့် ယူကရိန်းနိုင်ငံ၏ အထင်ကရ An-225 Mriya လေယာဉ်ကြီးအား ဖျက်ဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ယူကရိန်းနိုင်ငံ၏ နိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းစု Ukroboronprom က လူမှုကွန်ရက်စာမျက်နှာ Telegram တွင် ရေးသားဖော်ပြခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။