ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်သံတမန်က ယူကရိန်းအရေးတွင် ပါဝင်သည့် သက်ဆိုင်သူများအားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကီးယက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ အကြီးဆုံး လေဆိပ် Boryspil နှင့် ယူကရိန်း အရှေ့ပိုင်းနှင့်တောင်ပိုင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဖေဖော်ဝါရီ ၂၄ ရက်(ကြာသပတေးနေ့)တွင် ပြင်းထန်သည့်ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း Interfax-Ukraine သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်များ ယူကရိန်း အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် သမ္မတ ပူတင် အမိန့်ချလိုက်ခြင်းအပေါ် အမေရိကန်သမ္မတ ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်နှင့် မဟာမိတ်များ တစ်သားတည်း ခိုင်မာစွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် လက်ရှိဖြစ်ပွားနေသော တင်းမာမှုများအကြား ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ ယူကရိန်းနိုင်ငံအတွင်း အရေးပေါ်အခြေအနေကြေညာရန် ဥပဒေတစ်ရပ်အား လွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်၌ ထောက်ခံခဲ့ကြောင်း လွှတ်တော် ပြန်ကြားရေးအရ သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံအရှေ့ပိုင်းဒွန်းဘတ်စ်ဒေသရှိ ခေါင်းဆောင်များ၏ ပန်ကြားချက်အရ ယင်းဒေသများ၌စစ်ဆင်ရေးလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုပ်သံမိန့်ခွန်း၌ပြောကြားခဲ့သည်။(Xinhua) ……………… (English Version) GLOBALink | Putin authorizes “special operation” in...