ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သည့် Huawei က operating system အသစ်တစ်ခုဖြစ်သော HarmonyOS ဟုခေါ်သည့် စနစ်ကို စမတ်ဖုန်းများအတွက် လာမည့် ဇွန်လ ၂ ရက်တွင် စတင် အသုံးပြုနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ HarmonyOS...
ကွာလာလမ်ပူ၊ မေ ၂၅ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဥမင်တစ်ခုအတွင်း မေ ၂၄ ရက်က ရထားလမ်းနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိသဖြင့် လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၄၇ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း မီဒီယာသတင်းများအရ သိရသည်။
ဂျေရုဆလင် ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အမျိုးသားတစ်ဦးသည် ဂျေရုဆလင်မြို့တွင် အစ္စရေး အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် အရပ်သားပြည်သူများအား တိုက်ခိုက်မှုပြုလုပ်သောကြောင့် ၎င်းအား အစ္စရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် သုတ်သင်ရှင်းလင်းလိုက်ကြောင်း အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၏ မေ၂၄ ရက်ထုတ်ပြန်ကြေညာချက်အရသိရသည်။
ကဘူးလ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ မေလ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့ အနေဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့၌ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာတွင် တာလီဘန်လက်နက်ကိုင်တပ်အဖွဲ့ဝင်ပေါင်း ၁၄၀ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။
ကန်ဘာရာ၊ မေ ၂၅ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် လျာထားခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ဩစတြေးလျသံရုံးအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။