ဒါကာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဇူလိုင်၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် COVID-19 အတည်ပြုလူနာသစ် ၁၁,၅၂၅ ဦး တွေ့ရှိခဲ့ကြောင်း၊ နေ့စဉ်တွေ့ရှိမှုတွင်အမြင့်ဆုံးဖြစ်ပြီး စုစုပေါင်းရောဂါဖြစ်ပွားသူဦးရေ ၉၆၆,၄၀၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာန (DGHS)က ဇူလိုင် ၆...
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ သတင်းမီဒီယာ ထိပ်သီးအစည်းအဝေး ကမ္ဘာလုံးဆိုင်ရာ သတင်းဆု “ဆီးနှင်းရေခဲပြင် အားကစား ဓါတ်ပုံပြိုင်ပွဲ”အတွက် ပြိုင်ပွဲဓါတ်ပုံများကို ဇူလိုင် ၈ ရက်မှစ၍ ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဒါကာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ချစ်ကြည်ရေးတံတား ၇ စင်း တည်ဆောက်ပြီးစီးခဲ့ကြောင်းနှင့် ယခုအခါ ၈ စင်းမြောက်တံတားအား ဒါကာမြို့တော်မှ အနောက်တောင်ဘက် ၁၈၅ ကီလိုမီတာအကွာ၊ Pirojpur ခရိုင်ရှိ Kocha မြစ်အား ဖြတ်ကျော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ကူမင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင် ၆ ရက်က ဒေသတွင်း COVID-19 အတည်ပြုလူနာအသစ် ၁၅ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၂ ဦးရှိကြောင်း ပြည်နယ် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ တိရစ္ဆာန်ကုဆေးရုံတစ်ရုံတွင် ကမ္ဘာ့ တိရစ္ဆာန်ကူးစက်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင် ၆ ရက်တွင် တိရစ္ဆာန်ချစ်သူများက ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များအား အခမဲ့ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။