ဝမ်တိန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန်ဒေသတွင် ကပ်ရောဂါအခြေအနေအရ ယင်းဒေသတစ်ခုလုံးကို ဇူလိုင် ၈ ရက် ၁၄ နာရီမှစ၍ Stay-at-Home ကျင့်သုံးမည်ဖြစ်ကြောင်း ရွှေလီမြို့ ဝမ်တိန်ဒေသ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားရေးအဖွဲ့က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဝမ်တိန်ဒေသ၏...
တိုကျို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံရှိ နေရာအတော်များများ၌ မိုးသည်းထန်မည်ဟု ခန့်မှန်းထားခြင်းကြောင့် ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ သတိပေးချက် ထုတ်ပြန်ထားကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြထားသည်။
ဟူစတန်၊ ဇူလိုင် ၈ ရက် (ဆက်ဟွာ) အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၌ ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍ အဓိကစိုးရိမ်ပူပန်မှုများရှိနေသဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံမှု နှေးကွေးလာကြောင်း စစ်တမ်းတစ်ခုကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဇူလိုင် ၇ ရက် တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မြင့်မားသော အဆောက်အအုံများအား တင်းတင်းကြပ်ကြပ် စိစစ်ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောင်နေစဉ်အတွင်း မီတာ ၅၀၀ အထက် မိုးမျှော်တိုက်အသစ်များ တည်ဆောင်ခြင်းကို တားမြစ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဒူဘိုင်း၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ Jebel Ali ဆိပ်ကမ်းတွင် ဇူလိုင် ၇ ရက်ညပိုင်းက သင်္ဘောတစ်စီးပေါ်ရှိဓာတုဗေဒပစ္စည်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။