ကန်ဘာရာ၊ မေ ၁ ရက် (ဆင်ဟွာ) နေရပ်ပြန်ခြင်းဆိုင်ရာ ခရီးသွားလာခွင့်တားမြစ်ချက်ကို ချိုးဖောက်သော အိန္ဒိယနိုင်ငံတွင် သောင်တင်နေသည့် သြစတြေးလျနိုင်ငံသားများ အနေဖြင့် ထောင်ဒဏ် ၅ နှစ် အထိ ကျခံရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Greg Hunt က ဆိုသည်။
မော်စကို၊ မေ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ Rosselkhoznadzor က တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Carnivac-Cov အား အမြောက်အမြားထုတ်လုပ်မှု စတင်လိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်က ကြေညာခဲ့သည်။
ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် အမေရိကန်နိုင်ငံ အိမ်ဖြူတော်က ဧပြီ ၃၀ ရက်၌ အိန္ဒိယနိုင်ငံအပေါ် ခရီးသွားလာခြင်းကန့်သတ်မှုဆောင်ရွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပူလီအလမ်၊ အာဖဂန်နစ္စတန်၊ မေ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Logar ပြည်နယ် မြို့တော် ပူလီအလမ် ရှိ ပြည်နယ်ဆေးရုံအပြင်ဘက် လူထူထပ်သောလမ်းမတစ်နေရာတွင် ဧပြီ ၃၀ ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဂျီနီဗာ ၊ မေ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ဧပြီ ၃၀ ရက်၌ ကျင်းပပြုလုပ်သော အမေရိကတိုက်ကြီးများဒေသ COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အမေရိကတိုက်ကြီးများဒေသ၌ စာရင်းထုတ်ပြန်ပြီးသည့် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်းမှာ ၆၂ သန်းကျော်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်းမှာ ၁.၅ သန်းကျော်ရှိကာ...