Connect with us

North America

အမေရိကန်က အိန္ဒိယအပေါ် ခရီးသွားလာခြင်းကန့်သတ်မှုဆောင်ရွက်ကြောင်း ထုတ်ပြန်ကြေညာ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် အမေရိကန်နိုင်ငံ အိမ်ဖြူတော်က ဧပြီ ၃၀ ရက်၌ အိန္ဒိယနိုင်ငံအပေါ် ခရီးသွားလာခြင်းကန့်သတ်မှုဆောင်ရွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှု လွန်စွာမြင့်မားနေပြီး ဗီဇပြောင်း COVID-19 ရောဂါပိုးအမျိုးမျိုး ကူးစက်မှုလည်း ဖြစ်ပွားနေသောကြောင့် အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာ၏ အကြံပြုချက်အရ အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံအပေါ် ခရီးသွားလာခြင်းကန့်သတ်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ သက်ဆိုင်ရာဆောင်ရွက်မှုများသည် မေလ ၄ ရက်မှစတင်၍ အကျုံးဝင်မည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံ အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင် အသေးစိတ်အချက်အလက်များ မပါရှိခဲ့သော်လည်း အမေရိကန်နိုင်ငံ သတင်းမီဒီယာများမှ အစိုးရအရာရှိများ၏ ပြောကြားချက်များဖြင့် ဖော်ပြခဲ့သောသတင်းများအရ ယင်းကန့်သတ်မှုတွင် အမေရိကန်နိုင်ငံသား နှင့် ရာသက်ပန်နေထိုင်ခွင့်ရရှိသူများ အပေါ်သက်ရောက်မှုမရှိကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံသားများအား အိန္ဒိယနိုင်ငံသို့ ခရီးမသွားရောက်ကြရန် အကြံပြုခဲ့ပြီး အိန္ဒိယနိုင်ငံရှိ အမေရိကန်နိုင်ငံသားများအား လုံခြုံသော အခြေအနေအောက်တွင် အိန္ဒိယနိုင်ငံမှ အမြန်ဆုံးထွက်ခွာကြရန်နှင့် အမေရိကန်နိုင်ငံအစိုးရမှ ခန့်အပ်ထားသောဝန်ထမ်းများ၏ မိသားစုဝင်များကိုလည်း မိမိသဘောအရ အိန္ဒိယနိုင်ငံမှ ထွက်ခွာလိုလျှင်ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၃၀ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃၈၆,၄၅၂ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၈,၇၆၂,၉၇၆ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၃,၄၉၈ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၀၈,၃၃၀ ဦးရှိလာကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံတွင် နေ့စဉ် လူပေါင်း ၃ သိန်းကျော် COVID-19 ရောဂါထပ်မံကူးစက်ခံရမှုမှာ ဆက်တိုက် ၉ ရက်မြောက်အထိ ရောက်ရှိလာကြောင်း သိရှိရသည်။ (Xinhua)
———————————
(Chinese Version)
(国际疫情)美国宣布将对印度实行旅行限制措施
2021-05-01 05:15:17 分类: 政治法律
  新华社华盛顿4月30日电(记者刘品然)由于印度新冠疫情恶化,美国白宫30日宣布将对印度实行旅行限制措施。
  白宫新闻秘书普萨基当天在一份简短声明中说,由于印度新冠感染病例数极高并存在多种变异新冠病毒传播,根据美国疾病控制和预防中心建议,美国政府将对印度实行旅行限制措施。相关措施将于5月4日生效。
  声明未对措施作具体介绍。美国媒体援引美官员的话报道说,针对印度的限制措施不适用于美国公民和永久居民。
  美国国务院近日已建议美国公民不要前往印度,在印度的美国公民在安全情况下尽快离开,并批准美国政府雇员的家属可自愿离开印度。
  印度卫生部30日公布的数据显示,该国较前一日新增新冠确诊病例386452例,累计确诊18762976例;新增死亡病例3498例,累计死亡208330例。印度单日新增确诊病例已连续9天超过30万例。(完)

Photo
  这是1月20日在美国首都华盛顿拍摄的白宫。新华社发(沈霆 摄)