Connect with us

WORLD

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမေရိကတိုက်ကြီးများဒေသတွင် စာရင်းထုတ်ပြန်ပြီးသည့် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၂ သန်းကျော်ရှိကြောင်း ပြောကြား

ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး Dr. Sylvain Aldighieri အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ ၊ မေ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ဧပြီ ၃၀ ရက်၌ ကျင်းပပြုလုပ်သော အမေရိကတိုက်ကြီးများဒေသ COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အမေရိကတိုက်ကြီးများဒေသ၌ စာရင်းထုတ်ပြန်ပြီးသည့် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်းမှာ ၆၂ သန်းကျော်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်းမှာ ၁.၅ သန်းကျော်ရှိကာ ကပ်ရောဂါအခြေအနေ တိုးတက်မှုမှာ မကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်အောက်ရှိ ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ (Pan American Health Organization-PAHO) လက်ထောက်ညွှန်ကြားရေးမှူး Dr. Sylvain Aldighieri က သတင်းစာရှင်းလင်းပွဲတွင် မြောက်အမေရိက ၊ အလယ်အမေရိက နှင့် တောင်အမေရိက ပါဝင်သော အမေရိကတိုက်ကြီးများဒေသ၌ လွန်ခဲ့သည့် ၁၅ လတာကာလအတွင်း စာရင်းထုတ်ပြန်ပြီးသည့် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်းမှာ ၆၂ သန်းကျော်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်းမှာ ၁.၅ သန်းကျော်ရှိကြောင်း ၊ လက်ရှိချိန်တွင် တောင်အမေရိကတိုက်ရှိ နိုင်ငံအများစုတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေမှာ ဆက်လက်မြင့်တက်လာခဲ့ပြီး နိုင်ငံအများစု၏ ICU စောင့်ရှောက်မှုဆိုင်ရာ အရင်းအမြစ်များမှာလည်း ကပ်ရောဂါကြောင့် ပြိုလဲသွားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Dr. Sylvain Aldighieri က နိုင်ငံအသီးသီးအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုကို တွန်းအားပေးဆောင်ရွက်နေကြသော်လည်း ပြည်သူလူထုတို့၏ အများပြည်သူကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများအားလိုက်နာခြင်းက လွန်စွာအရေးပါကြောင်း ၊ အများပြည်သူကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများအပေါ် သတိထားမှုလျော့ကျလာခဲ့ပါက ရောဂါထပ်မံကူးစက်ခံရမှု နှင့် သေဆုံးမှုတို့ကပြန်လည်မြင့်တက်လာမည်ဖြစ်ပြီး ယင်းမှာရှောင်လွှဲ၍ မရနိုင်သော ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ လွန်ခဲ့သည့် အပတ်၌ အမေရိကတိုက်ကြီးများဒေသတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁.၄ သန်းခန့်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူများအနက် အမေရိကန် နှင့် ဘရာဇီးနိုင်ငံတို့တွင် လူပေါင်း ၄ သိန်းစီ အသီးသီး ထပ်မံကူးစက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ၊ အမေရိကတိုက်ကြီးများဒေသသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသ ၆ ခုအနက် COVID-19 ရောဂါ ကူးစက်ခံရမှု နှင့် သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သော ဒေသဖြစ်ကြောင်း ၊ အမေရိကတိုက်ကြီးများဒေသ၏ ရောဂါကူးစက်ခံရမှုက ကမ္ဘာပေါ်ရှိ ရောဂါကူးစက်ခံရမှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းအထက်တွင် ရှိနေပြီး ရောဂါကြောင့်သေဆုံးခဲ့ရမှုက ကမ္ဘာ့စုစုပေါင်း သေဆုံးမှု၏ ၄၇ ရာခိုင်နှုန်းအထက်တွင်ရှိနေကာ ကပ်ရောဂါအခြေအနေ တိုးတက်မှု မကောင်းကြောင်း သိရှိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)世卫组织:美洲地区已报告超过6200万例新冠确诊病例
2021-05-01 04:22:24 分类: 科学技术
  新华社日内瓦4月30日电(记者刘曲)世界卫生组织30日在有关美洲地区新冠疫情的记者会上表示,美洲地区报告的确诊病例已超过6200万例,死亡病例超过150万例,疫情形势不容乐观。
  世界卫生组织下属泛美卫生组织副主任西尔万•阿尔迪吉耶里在当天的线上记者会上表示,包括北美、中美和南美在内的美洲地区过去15个月报告了6200多万例新冠确诊病例和超过150万例死亡病例。目前南美大多数国家报告的新增确诊病例仍有上升趋势,许多国家的重症监护资源已被疫情“压垮”。
  阿尔迪吉耶里表示,尽管各国正在加紧疫苗接种,但民众遵守公共卫生措施仍很重要,对疫情防控形势较自满的国家受疫情影响可能更大。“当放松卫生和公共卫生措施时,新增确诊病例和死亡病例就会增加,而这本来是可以避免的。”
  世卫组织数据显示,上周美洲地区报告新增新冠确诊病例约140万例,其中美国和巴西均超过40万例。美洲目前是世卫组织六个区域中累计感染病例和死亡病例最多的地区,占全球确诊病例的40%以上、死亡病例的47%以上,疫情形势不容乐观。(完)

Photo
泛美卫生组织副主任西尔万•阿尔迪吉耶里 (Xinhua/Bao Dandan)