Connect with us

WORLD

အိန္ဒိယနှင့် ခရီးသွားလာခွင့်တားမြစ်ချက်အား ချိုးဖောက်သော သြစတြေးလျနိုင်ငံသားများကို ထောင်ဒဏ်ချမှတ်မည်ဟု ဝန်ကြီးပြောကြား

သြစတြေးလျနိုင်ငံ ပါ့သ်မြို့ရှိ လမ်းပေါ်တွင် နှာခေါင်းစည်းဖြင့်လမ်းလျှောက်နေသည့် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ မေ ၁ ရက် (ဆင်ဟွာ)

နေရပ်ပြန်ခြင်းဆိုင်ရာ ခရီးသွားလာခွင့်တားမြစ်ချက်ကို ချိုးဖောက်သော အိန္ဒိယနိုင်ငံတွင် သောင်တင်နေသည့် သြစတြေးလျနိုင်ငံသားများ အနေဖြင့် ထောင်ဒဏ် ၅ နှစ် အထိ ကျခံရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Greg Hunt က ဆိုသည်။

ယင်းထုတ်ပြန်ချက်အား ဧပြီ ၃၀ ရက် ညတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မေ ၃ ရက်မှစ၍ မည်သည့်ခရီးသွားမဆို အိန္ဒိယသို့ စတင်ရောက်ရှိပြီး ၁၄ ရက်အတွင်း နေထိုင်ခဲ့ပြီးနောက်မှ သြစတြေးလျနိုင်ငံသို့ ဝင်ရောက်လာပါက ပြစ်မှုဆိုင်ရာတရားစွဲဆိုခြင်း ခံရမည်ဖြစ်ကြောင်း Hunt ကဆိုသည်။

သြစတြေးလျနိုင်ငံက နိုင်ငံသားများနှင့် နိုင်ငံတွင်နေထိုင်သူများအား နိုင်ငံအတွင်းဝင်ရောက်ရာတွင် ပြစ်မှုဆိုင်ရာကျူးလွန်မှုအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးခံရသူများအား ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးခြင်းဖြစ်စေ၊ သြစတြေးလျဒေါ်လာ ၆၆,၀၀၀ (အမေရိကန်ဒေါ်လာ ၅၀,၈၇၆.၂) အားဒဏ်ရိုက်ခြင်းဖြစ်စေ သို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ခြင်းသည် သမိုင်းတွင်ပထမဆုံးအကြိမ်ဖြစ်ကြောင်း သြစတြေးလျရုပ်သံလွှင့်ကော်ပိုရေးရှင်း (ABC) ၏ တင်ပြချက်အရ သိရသည်။

အိန္ဒိယနိုင်ငံမှ ရောက်ရှိလာသော ခရီးသည်များမှ COVID-19 ပိုးတွေ့ရှိမှုသည် ထိန်းရခက်သည့် အရေအတွက်သို့ရောက်ရှိလာသဖြင့် ယင်းအားတုံ့ပြန်ဆောင်ရွက်ရန်အတွက် အဆိုပါဆောင်ရွက်ချက်အား အစိုးရအဖွဲ့မှ ဧပြီ ၃၀ ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် Hunt က ပြောကြားထားသည်။

“အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်ခဲ့တာ မဟုတ်ပါဘူး။ သို့သော် သြစတြေးလျပြည်သူ့ကျန်းမာရေးစနစ်နှင့် quarantine စနစ် ခိုင်မြဲစွာပေါင်းစည်းနိုင်မှုအား ကာကွယ်ရန်နှင့် quarantine စင်တာများတွင် COVID-19 ဖြစ်ပွားမှုအရေအတွက်ကို စီမံခန့်ခွဲနိုင်သည့်အဆင့်သို့ လျှော့ချရန်မှာ လွန်စွာအရေးကြီးပါတယ်’’ ဟု ၎င်းကဆိုသည်။

သြစတြေးလျအနေဖြင့် အိန္ဒိယနိုင်ငံမှ လာသည့် တိုက်ရိုက်လေကြောင်းခရီးစဥ်အားလုံးအား မေ ၁၅ ရက်အထိ ဆိုင်းငံ့ထားသော်လည်း ဒိုဟာမှတစ်ဆင့် ပြန်လည်ဝင်ရောက် လာသူများတွင် လစ်ဟာမှုများဖြစ်မည်ကို အစိုးရအနေဖြင့် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

မေ ၁၅ ရက်နောက်ပိုင်းတွင် အိန္ဒိယ၌ သောင်တင်နေသည့် ထောင်ချီသော သြစတြေးလျနိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ်များအား အမြန်ဆုံး ပြန်လည်ပြေးဆွဲပေးနိုင်ရန် အစိုးရအဖွဲ့မှ ကတိပြုထားကြောင်း Hunt ကဆိုသည်။ (Xinhua)
————————————
(English Version)
Australians breaching India travel ban to face jail sentences: minister
CANBERRA, May 1 (Xinhua) — Australians stuck in India who breach a travel ban to return home could face up to five years in jail, Health Minister Greg Hunt said.
In a statement released on Friday night, Hunt said that from Monday any traveler who enters Australia after being in India within 14 days of their arrival will face criminal charges.
According to the Australian Broadcasting Corporation (ABC) report, it marks the first time in history that Australia has made it a criminal offence for citizens and residents to enter the country, with those caught doing so facing up to five years’ imprisonment, a 66,000-Australian dollar (50,876.2 U.S. dollar) fine or both.
In the statement, Hunt said the radical move was approved by the cabinet on Friday in response to the “unmanageable” number of arrivals from India who have tested positive for COVID-19.
“The government does not make these decisions lightly,” he said. “However, it is critical the integrity of the Australian public health and quarantine systems is protected and the number of COVID-19 cases in quarantine facilities is reduced to a manageable level.”
Australia has suspended all direct flights from India until May 15 but the government has expressed concerns over loopholes after people managed to return via Doha.
Hunt said the cabinet is committed to resuming repatriation flights for thousands of Australians stuck in India “as soon as possible” after May 15. Enditem
Photo- A woman wearing a face mask walks in the street of Perth, Australia, March 30, 2020.(Photo by Zhou Dan/Xinhua)