Connect with us

WORLD

တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး ရုရှားနိုင်ငံ စတင်ထုတ်လုပ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Sokolniki ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာတွင် KoShariki ကြောင်ပြပွဲပြုလုပ်စဉ်အတွင်း ပြခန်းတစ်ခု၌ ကြောင်တစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ Rosselkhoznadzor က တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Carnivac-Cov အား အမြောက်အမြားထုတ်လုပ်မှု စတင်လိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်က ကြေညာခဲ့သည်။

Rosselkhoznadzor ၏ လက်အောက်ခံအဖွဲ့ဖြစ်သော တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဖက်ဒရယ်စင်တာတွင် ကာကွယ်ဆေး ပထမအသုတ် ဆေးအလုံးရေ ၁၇,၀၀၀ ကို ထုတ်လုပ်လျက်ရှိကြောင်း စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါ ကာကွယ်ဆေးအတွက် ပြည်တွင်းဝယ်လိုအားများစွာရှိပြီး ပထမအသုတ်ဆေးများကို နိုင်ငံအတွင်း ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားကုမ္ပဏီများကလည်း ယင်းကာကွယ်ဆေးအ‌ပေါ် စိတ်ဝင်စားမှုရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် တစ်လလျှင် ဆေးအလုံးရေ ၃ သန်း ထုတ်လုပ်နိုင်စွမ်းရှိပြီး သိပ်မကြာခင်အချိန်အတွင်း အရေအတွက် ၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း Rosselkhoznadzor အကြီးအကဲ၏ အကြံပေးတစ်ဦး ပြောကြားချက်အား ကိုးကား၍ ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။

ရုရှားနိုင်ငံသည် အထူးသဖြင့် ဥရောပသမဂ္ဂ အပါအဝင် ပြည်ပ၌ ၎င်းကာကွယ်ဆေးအား အမြန်မှတ်ပုံတင်နိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် Carnivac-Cov ကာကွယ်ဆေးအား မှတ်ပုံတင်ထားကြောင်း Rosselkhoznadzor က မတ် ၃၁ ရက်၌ ကြေညာခဲ့သည်။ (Xinhua)
————————————
(English Version)
Russia begins production of world’s first COVID-19 vaccine for animals
Source: Xinhua| 2021-05-01 04:39:21|Editor: huaxia
MOSCOW, April 30 (Xinhua) — Russia’s agricultural watchdog Rosselkhoznadzor announced on Friday that it had started mass production of the world’s first COVID-19 vaccine for animals Carnivac-Cov.
The first batch of 17,000 doses has been produced at Rosselkhoznadzor’s subordinate institution, the Federal Center for Animal Health, the watchdog said in a statement.
There is great domestic demand for the vaccine and the first batch of doses will be distributed within the country, it said, adding that foreign companies have also shown interest in it.
The production capacity is 3 million doses per month now and will hopefully increase to 5 million in the near future, local media reported, citing an adviser to the head of Rosselkhoznadzor.
Russia is negotiating for the fast registration of the vaccine abroad, particularly in the European Union.
Rosselkhoznadzor announced on March 31 that the country had registered the Carnivac-Cov vaccine. ■
A cat is seen at a booth during the KoShariki Cat Show at the Sokolniki Exhibition and Convention Center in Moscow, Russia, on Jan. 4, 2018. (Xinhua/Bai Xueqi)