ချုံချင့်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်တွင် ပထမဆုံး မောင်းသူမဲ့ မိုးပျံရထား စတင်ပြေးဆွဲခဲ့ကြောင်းသိရသည်။ လျှပ်စစ်စွမ်းအင်သုံး မောင်းသူမဲ့အမျိုးအစားရထားသည် အရှည် ၁၅.၄ ကီလိုမီတာရှိသည့် မိုးပျံရထားလမ်းပေါ်ရှိ ဘူတာရုံပေါင်း ၁၅ ခုကို ဖြတ်သန်းမောင်းနှင်ပြေးဆွဲမည်ဖြစ်သည်။ ယင်း မိုးပျံရထားတွဲအား တရုတ်နိုင်ငံ စွမ်းအင်သစ် သုံးယာဉ်များထုတ်လုပ်သည့်...
ဟိုင်နန်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းမှ အာကာသစခန်းတည်ဆောက်မှု၏ ပင်မအစိတ်အပိုင်းဖြစ်သည့် “ထျန်းဟော်”အာကာသအခန်းကို သတ်မှတ်ဂြိုဟ်ပတ်လမ်းရောက်အောင် Long March-5B Y2 ဒုံးပျံဖြင့် ဧပြီ ၂၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ရာ ဂြိုဟ်ပတ်လမ်းတွင် တရုတ်အာကာသစခန်းတည်ဆောက်ရန်အတွက် ဘက်စုံဆောင်ရွက်ရန် စတင်နိုင်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မကြာသေးမီက ရုရှားသံတမန်များအား နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်တွင် ဥရောပနိုင်ငံများမှ သံတမန်အချို့ကို တစ်ပတ်အတွင်း ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော တတိယအသုတ် Sinopharm COVID-19 ကာကွယ်ဆေးများ သယ်ဆောင်လာသည့် လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ ဧပြီ ၂၈ ရက်တွင် ဆိုက်ရောက်ခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၁၈ ကျော်သွားပြီဖြစ်ကာ ဧပြီ ၂၉ ရက်တွင်မူ ၁၈,၃၇၆,၅၂၄ ဦးအထိ ရောက်ရှိသွားခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၇၉,၂၅၇ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။