စင်ကာပူ/ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) နိုင်ငံများစွာရှိ တရုတ်လူမျိုးများသည် ယခုနှစ် နဂါးလှေပြိုင်ပွဲ သို့မဟုတ် zongzi ကောက်ညှင်းထုပ်ပွဲတော် ကာလကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကုန်ဆုံးလွန်မြောက်ခဲ့ကြကြောင်း ၊ ယခင်က နဂါးလှေပြိုင်ပွဲအခါသမယတွင် စည်စည်ကားကားဖြစ်နေသော နေရာများသည် COVID-19 ကပ်ရောဂါ ကန့်သတ်ချက်များအောက်တွင် ပုံမှန်အတိုင်း သက်ဝင်လှုပ်ရှားနိုင်ခဲ့ခြင်းမရှိပေ။ ...
ပေကျင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ နဂါးလှေပွဲတော်အားလပ်ရက်အတွင်း စုစုပေါင်း ခရီးစဉ် သွားလာမှုသည် ၁၂၄ သန်း ရောက်ရှိခဲ့သည်ဟု ခန့်မှန်းရကြောင်း တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ယင်းကာလအတွင်း ပျမ်းမျှနေ့စဉ်ခရီးစဉ်သည် ၄၁ ဒသမ ၂၃ သန်းထက် ကျော်လွန်နိုင်ကြောင်း ၊...
မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား သပ်လျှို၍ အဖုအထစ်ဖြစ်စေရန် လုပ်ဆောင်နေမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနိုင်ငံတစ်နိုင်ငံဖြစ်ကာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ ရုရှားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပျက်ပြားအောင် အားထုတ်ကြိုးပမ်းနေတာကို ကျွန်တော်တို့တွေ့ရပါတယ်...
ဟောင်ကောင် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ နဂါးလှေပြိုင်ပွဲကို ဟောင်ကောင်မှာကျင်းပလျက်ရှိပါတယ်။ ဟောင်ကောင်မှာ ကိုဗစ်ကပ်ရောဂါကူးစက်ဆဲ ကာလဖြစ်နေသော်လည်း ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ လုံခြုံစွာပဲ ဒီတနဂ်နွေနေ့မှာ လှေပြိုင်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ပြိုင်ပွဲကို ကိုလုံအနောက်ပိုင်း (West Kowloon) မှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုရဲ့ ဖျော်ဖြေရေးကွင်းပြင်မှာ အထူးပြုလုပ်ထားတဲ့ လှေငယ်တွေကို...
တိုင်ပေ ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသ ကပ်ရောဂါညွှန်ကြားမှုစင်တာ၏ ဇွန်လ ၁၃ ရက် ထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁၇၅ ဦးရှိပြီး ၁၇၄ ဦးမှာ ဒေသတွင်း ထပ်မံကူးစက်ခံရမှုဖြစ်ပြီး တစ်ဦးမှာ ပြင်ပမှဝင်ရောက်လာမှုဖြစ်ကြောင်း ၊ ကူးစက်ခံရကြောင်း အတည်ပြုခဲ့သူများအနက် ထပ်မံသေဆုံးသူ...