ပေကျင်း၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အကြောင်းကြားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်၏ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် အိန္ဒိယမှလာသည့် ခရီးသွားများ၏ ပြည်ဝင်ခွင့်ကို တားမြစ်တော့မည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒတ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ်လူနာကုသပေးသော ဆေးရုံတစ်ရုံတွင် မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းအရင်းအမြစ်များက ဆင်ဟွာသို့ ယနေ့ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသော ရေငုပ်သင်္ဘောမှ အစိတ်အပိုင်းများဟု ယူဆနိုင်သော အပျက်အစီးများကို အင်ဒိုနီးရှား ရှာဖွေရေးသမားများက တွေ့ရှိခဲ့ကြောင်း ရေတပ်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Yudo Margono က ဧပြီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ဦလန်ဘာတာ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မွန်ဂိုးလီးယားနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် သဲမုန်တိုင်းတိုက်ခြင်း များဖြစ်ပွားလျက်ရှိကြောင်း၊ လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၅ မီတာမှ ၂၄ မီတာကြားရှိကြောင်း မိုးလေဝသနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အမျိုးသားအေဂျင်စီက ဧပြီ ၂၄ ရက်တွင်ပြောသည်။
နယူးဒေလီ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်ထရာခန်ပြည်နယ်တွင် ရေခဲပြင်အစိတ်အပိုင်း ပြိုကျမှုကြောင့် ရေခဲစိုင်ပြိုကျမှုဖြစ်ပွားကာ အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ပြီး အခြားသူ ၆ ဦးအား ကယ်ဆယ်နိုင်ခဲ့ကာ အခြေအနေစိုးရိမ်ရကြောင်း တာဝန်ရှိသူများက ဧပြီ ၂၄ ရက်၌ ပြောကြားခဲ့သည်။