Connect with us

WORLD

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန် အိန္ဒိယမှလာသည့်ခရီးသွားများ၏ ပြည်ဝင်ခွင့်ကို အီရန် တားမြစ်

အီရန်နိုင်ငံ မြို့တော် တီဟီရန်၏ တောင်ပိုင်းနေရာတစ်ခုတွင် ပိုးသတ်ဆေးဖြန်းနေသည်ကို ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် အကြောင်းကြားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်၏ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် အိန္ဒိယမှလာသည့် ခရီးသွားများ၏ ပြည်ဝင်ခွင့်ကို တားမြစ်တော့မည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယက အကြောင်းကြားထားသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ကျွန်တော်တို့ရင်ဆိုင်ရမည့် အန္တရာယ်အသစ်ပါဟု ရိုဟာနီက အီရန်နိုင်ငံ ရုပ်မြင်သံကြားကတစ်ဆင့် ပြောကြားခဲ့သည်။ အိန္ဒိယက အကြောင်းကြားသည့် ဗီဇပြောင်း ဗိုင်းရပ်စ်သည် ဗြိတိန်နှင့်ဘရာဇီးမှတွေ့ရသည့် အသွင်းပြောင်း ဗိုင်းရပ်စ်ထက် ပိုအန္တရာယ်များကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယနိုင်ငံ ဘိုပေါမြို့ရှိ ဘူတာရုံတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ဓာတ်ခွဲနမူနာယူနေသည်ကို ဧပြီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိအချိန်အထိ အီရန်တွင် အိန္ဒိယမှ အကြောင်းကြားသည့် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုရှိမရှိကို ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။အီရန်နိုင်ငံ အရှေ့ပိုင်းပြည်နယ်များအနေဖြင့် ကူးစက်မှုမရှိသူများကိုသာ ပြည်ဝင်ခွင့်ပေးရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟု ရိုဟာနီက ဆိုသည်။

အီရန်အရှေ့ပိုင်းသည် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့်ဆက်စပ်နေသည်။ ဧပြီ ၂၅ ရက်မှစ၍ အိန္ဒိယ၊ပါကစ္စတန်သို့ ပျံသန်းပြေးဆွဲနေသည့် လေကြောင်း ခရီးစဉ်များကို အီရန် မြို့ပြလေကြောင်းဌာနက ယာယီရပ်နားမည်ဖြစ်ကြောင်း၊ လေယာဉ်အကူးအပြောင်း ခရီးသည်များအပါအဝင် အိန္ဒိယမှလာသည် ခရီးသွားများကို ပြည်ဝင်ခွင့် ယာယီဆိုင်းငံ့ထားရန် ပြည်ထဲရေးဝန်ကြီးဌာနကို အီရန်ကျန်းမာရေးဝန်ကြီး Saeed Namakiက အကြောင်းကြားထားကြောင်း သိရသည်။

အိန္ဒိယတွင် ကိုဗစ် ဒုတိယလှိုင်းကို တိုက်ဖျက်လျက်ရှိရာ ယခုကာလများအတွင်း ကိုဗစ်နေ့စဉ်ထပ်တိုးလူနာဦးရေနှင့်သေဆုံးသူအရေအတွက် လျင်မြန်စွာ မြင့်တက်လျက်ရှိသည်။ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၃ ရက် ထုတ်ပြန်ချက်အရ ထပ်တိုးလူနာဦးရေ (၃၃၂,၇၃၀)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၁၆.၂၆၃)သန်း၊ ထပ်တိုးသေဆုံးသူ (၂,၂၆၃)ဦးဖြင့် စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။နိုင်ငံအများအပြားတွင် အိန္ဒိယမှလာသည့်ခရီးသွားများ၏ ပြည်ဝင်ခွင့်ကို တားမြစ်ထားပြီကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)
防变异新冠病毒 伊朗禁止来自印度的旅客入境
2021-04-25 09:40:30
Image Carouse
 新华社北京4月25日电(记者郑昊宁)伊朗总统哈桑•鲁哈尼24日说,为防止印度报告的变异新冠病毒扩散,伊朗将禁止来自印度的旅客入境。
 鲁哈尼在伊朗国家电视台播出的讲话中说,印度报告的变异新冠病毒“让我们面临新威胁”。按照他的说法,印度报告的变异病毒比英国和巴西报告的变异病毒“更危险”。
伊朗政府迄今没有公布国内是否已经有人感染印度报告的变异病毒。鲁哈尼说,伊朗所有东部省份“必须确保没有感染这种病毒的人入境”。伊朗东部与巴基斯坦和阿富汗接壤。
伊朗媒体报道,伊朗民航部门决定自25日起暂停所有伊朗与印度和巴基斯坦之间的航班,卫生部长赛义德•纳马基已经请求内政部“暂停所有来自印度的旅客入境,包括中转旅客”。
  印度正在抗击第二波新冠疫情,近来单日新增确诊病例和死亡病例数快速上升。印度卫生部23日通报,单日新增新冠确诊病例332730例,累计超过1626.3万例;新增死亡病例2263例,创疫情暴发以来纪录。
  多国已经禁止来自印度的旅客入境。

4月19日,工作人员在伊朗首都德黑兰以南的一处场所消毒。(新华社发,艾哈迈德•哈拉比萨斯摄)
 4月23日,医务人员在印度博帕尔的火车站进行新冠病毒检测采样。(新华社发)