ဂျကာတာ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးတိုက်ဖျက်ရေးဌာန၏ ဧပြီ ၈ ရက်ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် လတ်တလောရက်ပိုင်းအတွင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းသဖြင့် ဖြစ်ပွားခဲ့သည့် ဆိုးရွားသည့် ရာသီဥတုကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်းမှာ ၁၆၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး လူပေါင်း ၄၅ ဦး ပျောက်ဆုံးနေကြောင်း...
ရောမ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အသစ်ထွက်ရှိခဲ့သည့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း လစဉ်အစီရင်ခံစာအရ မတ်လတွင် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများက ၁၀ လမြောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်းတွင် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ကဧပြီ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
မနီလာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အင်မတန်ရှားပါးလှသော ဆိုးကျိုးသက်ရောက်မှုကြောင့် AstraZeneca COVID-19 ကာကွယ်ဆေးနှင့် သွေးခဲခြင်းအကြား ကြောင်းကျိုးဆက်နွယ်သောဆက်စပ်မှု သတင်းများ ထွက်ပေါ်လာပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် အသက် ၆၀ နှစ်အောက်ရှိသူများအား AstraZeneca COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ယာယီဆိုင်းငံ့ကြောင်း ဧပြီ ၈ ရက်က ကြေညာခဲ့ကြောင်း...
ဦလန်ဘာတာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံတွင် လူပေါင်း ၅၂၉,၉၁၁ ဦးကို COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မွန်ဂိုလီးယားနိုင်ငံ ကျန်မာရေးဝန်ကြီးက ဧပြီ ၈ ရက်တွင်ပြောသည်။
ပေကျင်း၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ကိုဗစ်ပျောက်ကင်းလူနာ သုံးပုံတစ်ပုံခန့်သည် ရောဂါသက်သာပျောက်ကင်းပြီးနောက် (၆)လအတွင်း အာရုံကြော သို့မဟုတ် စိတ်ပိုင်းဆိုင်ရာရောဂါဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း ဗြိတိန်၏နောက်ဆုံးသုတေသနတစ်ခုတွင် ဖော်ပြထားသည်။