ဂျကာတာ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း လာမည့်ဇူလိုင်လတွင် စာသင်ခန်းအတွင်း သင်ကြားမှုများ ပြန်လည် မစတင်မီ အကြိုပြင်ဆင်မှုတစ်ရပ်အနေဖြင့် ဂျာကာတာမြို့ရှိ စာသင်ကျောင်း ၈၅ ကျောင်း၌ မျက်နှာချင်းဆိုင်အနေအထား အခန်းတွင်းသင်ကြားမှုပုံစံဖြင့် ဧပြီ ၇ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
မနီလာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က သက်ကြီးရွယ်အိုများအား တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး ထိုးနှံရန် ဧပြီ ၇ ရက်က ခွင့်ပြုလိုက်ပြီးနောက် ယခုအခါ အသက် ၆၀ နှစ်နှင့်အထက်ရှိသူများအနေဖြင့် ယင်းကာကွယ်ဆေး ထိုးနှံနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ဟောင်ကောင်ဒေသတွင် နေထိုင်သူ ၅၀၂,၅၀၀ ခန့်အား COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားပြီးဖြစ်ကြောင်း တရားဝင် အချက်အလက် ဖော်ပြထားမှုများအရ သိရသည်။
ဆောပိုလို၊ ဧပြီ ၈ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19ရောဂါဖြင့် သေဆုံးသူ ၃,၈၂၉ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၃၄၀,၇၇၆ ဦးအထိရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုများ ပြန်တိုးလာနေသည့်ကြားထဲတွင် ဧပြီ ၇ ရက်က တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများ ထိုးနှံအသုံးပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း ကျန်းမာရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။