Connect with us

WORLD

ဟောင်ကောင်၌ လူဦးရေ ၅၀၀,၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်

ဟောင်ကောင်ဒေသ၌ နှာခေါင်းစည်းတပ်ဆင်သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

ဟောင်ကောင်ဒေသတွင် နေထိုင်သူ ၅၀၂,၅၀၀ ခန့်အား COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားပြီးဖြစ်ကြောင်း တရားဝင် အချက်အလက် ဖော်ပြထားမှုများအရ သိရသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသအစိုးရက ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ခဲ့သည့် အများပြည်သူကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်အောက်တွင် လူပေါင်း ၁၁၃,၀၀၀ ဦးအား အပြည့်အဝ ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်ဒေသ၏ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုစင်တာ၏ ထုတ်ပြန်မှုအရ ဧပြီ ၇ ရက်တွင် ခြေရာခံ၍ မရသော ပြည်တွင်း ကူးစက်သူ နှစ်ဦး အပါအဝင် လူနာသစ် ၈ ဦး တွေ့ရှိခဲ့ကြောင်း ၊ ထို့အတူ သံသယလူနာ ၁၀ ဦးကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပြီး အများစုမှာ ပြည်ပမှ ဝင်ရောက်သူများ ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်ဒေသ၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၁၁,၅၃၉ ဦး ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Over 500,000 people given first COVID-19 vaccine shot in Hong Kong
HONG KONG, April 7 (Xinhua) — About 502,500 Hong Kong residents have taken the first jab of the COVID-19 vaccine, official data showed.
The Hong Kong Special Administrative Region government has said some 113,000 people have been fully vaccinated under the mass inoculation program starting on Feb. 26.
Hong Kong’s Center for Health Protection reported eight new confirmed cases on Wednesday, including two untraceable local infections. There were also 10 preliminary positive cases, mostly imported.
The COVID-19 tally stood at 11,539 in Hong Kong. Enditem