Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် COVID-19ရောဂါကြောင့် သေဆုံးသူပေါင်း ၃၄၀,၀၀၀ ထိရောက်ရှိလာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေကြသူများအားတွေ့ရစဉ် (Photo by Rahel Patrasso/Xinhua)

ဆောပိုလို၊ ဧပြီ ၈ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19ရောဂါဖြင့် သေဆုံးသူ ၃,၈၂၉ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၃၄၀,၇၇၆ ဦးအထိရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ တချိန်တည်းမှာပင် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ထပ်မံကူးစက်ခံရသူ ၉၂,၆၂၅ ဦးရှိခဲ့ရာ ကူးစက်ခံရသူစုစုပေါင်း ၁၃,၁၉၃,၂၀၅ ဦးရှိလာကြောင်း သိရသည်။

လွန်ခဲ့သော ၇ ရက်အတွင်း နိုင်ငံ၌ နေ့စဉ်ပျမ်းမျှသေဆုံးသူဦးရေ ၂,၇၅၂ ဦး ရှိခဲ့ပြီး၊ ကမ္ဘာပေါ်တွင် သေဆုံးသူဦးရေအမြင့်ဆုံးဖြစ်ကြောင်း၊ ထို့ပြင် ဧပြီ ၆ ရက်တွင် သေဆုံးသူ ၄,၁၉၅ဦး စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးဖြစ်သည့် ဆောပိုလိုပြည်နယ်သည် ဗိုင်းရပ်စ်ကူးစက်ခံရမှု အဆိုးဝါးဆုံးဖြစ်ပြီး ရောဂါဖြစ်ဖြစ်ပွားသူ ၂,၅၇၆,၃၆၂ ဦးနှင့် သေဆုံးသူ ၇၉,၄၄၃ ဦးရှိခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အနည်းဆုံးဒေသတွင်းမြို့တော် ၂၁ ခုတွင် လူနာကုတင်မလုံလောက်မှုပြဿနာဖြင့်ရင်ဆိုင်နေရပြီး ၎င်းတို့၏ ကျန်းမာရေးစနစ်မှာ ယိုယွင်းပျက်ပြား လျက်ရှိကြောင်း အထူးသဖြင့် အမေဇုံဒေသတွင် မျိုးဗီဇသစ် ဗိုင်းရပ်စ် ပြန့်နှံ့လာပြီးနောက် ကူးစက်မှု နှင့် သေဆုံးမှု နှုန်းပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Brazil tops 340,000 total COVID-19 deaths
SAO PAULO, April 7 (Xinhua) — Brazil reported on Wednesday 3,829 COVID-19 deaths in the last 24 hours, bringing its total to 340,776, said the Ministry of Health.
The ministry said that there were also 92,625 new COVID-19 infections in the same period of time, for an accumulated total of 13,193,205.
This brought the country’s average daily number of deaths in the last seven days to 2,752, the highest in the world, as it also broke the record for daily deaths on Tuesday with 4,195.
Sao Paulo, the most populated state in Brazil, has also been hardest hit by the virus with 2,576,362 cases and 79,443 deaths.
Meanwhile, at least 21 regional capitals are experiencing a collapse in their health systems due to the lack of beds, especially after the spread of the variant detected in Amazonas, which is more contagious and lethal. Enditem