ဂျီနီဗာ၊ မတ် ၁၉ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၂ သိန်းကျော်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က မတ် ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီး၌ COVID-19 ရောဂါသက်သာပျောက်ကင်း၍ မတ် ၁၈ ရက်တွင် ဆေးရုံဆင်းခွင့်ရသည့် စုစုပေါင်း လူနာအရေအတွက်မှာ ၈၁၉ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။
ဝူဟန့် ၊ မတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ လုံးဝ မရှိကြောင်း ၊ ရောဂါတိုက်ဖျက်ရေး ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသည့် မြို့တော်အတွက် ပထမဆုံးအကြိမ်အဖြစ် လူနာသစ်လုံးဝ မရှိသော မှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ပြည်နယ်အတွင်း ဗိုင်းရပ်စ်ကြောင့်...
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာကို ယနေ့ မတ် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှိ ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာ ဖောင်ဒေးရှင်းတို့ က စပိန်နိုင်ငံသို့ ပေးပို့လှူဒါန်းသည့် နှာခေါင်းစည်း အခုရေ ၅ သိန်း တင်ဆောင်လာသော လေယာဉ် သည် မတ် ၁၇ ရက်တွင် စပိန်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။ စပိန်နိုင်ငံအစိုးရ အတွက်...