ချန်တူး၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပန်ဒါကြီးမျိုး ထိန်းသိမ်းရေးနှင့် သုတေသနစင်တာတွင် မတ်လ ၁၇ ရက်က ထိန်းသိမ်းစောင့်ရှောက်ထားသော ပန်ဒါကြီးမျိုးမှ ကမ္ဘာ့ပထမဆုံး ပန်ဒါအမြွှာမွေးဖွားခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား နှစ်ဦးတွင် COVID-19 ရောဂါ ဖြစ်ပွားနေကြောင်း ယနေ့ မတ် ၁၈ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံ အတွင်း ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၃၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ပါရီ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇,၇၃၀ဦး ရှိလာရာ ပြီးခဲ့သောရက်ကထက် ၁,၀၉၇ ဦးထပ်တိုးလာကြောင်း ပြင်သစ် ကျန်းမာရေးဌာန အကြီးအကဲ Jerome Salomonက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများအတွက် အရေးကြီး လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ကုန်တင်လေယာဉ်ဖြင့် တင်သွင်းလာပြီး မတ် ၁၇ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ အာရစ်ဖ် အယ်လ်ဗီ (Arif Alvi) တို့သည် မြို့တော် ပေကျင်း၌ တွေ့ဆုံခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုခဲ့ကြောင်း...