Connect with us

Asia

ပါကစ္စတန်နိုင်ငံ ဘိုလိုချီစတန်ပြည်နယ်တွင် ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ချာမန်မြို့ရှိ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ ရဲကားတစ်စီးပျက်စီးနေသည်ကို မတ် ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အစ္စလာမ်မာဘတ်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘိုလိုချီစတန်ပြည်နယ် ချာမန်မြို့တွင် မတ် ၂၃ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၄ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်း ရှိမရှိကိုမူ တာဝန်ရှိသူများက အတည်ပြုပြောကြားထားခြင်းမရှိပေ။၎င်းဗုံးကို မော်တော်ယာဉ်အနီးတွင် ရပ်နားထားသော မော်တော်ဆိုင်ကယ်ပေါ်တွင် ထောင်ထားခြင်းဖြစ်ပြီး အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ ချာမန်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုနေစဉ် (ဓာတ်ပုံ- Str/Xinhua)

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများကို အနီးဝန်းကျင်ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူများများမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးစည်းတားထားကြောင်းနှင့် ဗုံးဖောက်ခွဲသူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်းမရှိသေးပေ။ (Xinhua)

——————————————
(English Version)
4 killed, 14 injured in blast in Pakistan’s Balochistan
ISLAMABAD, March 23 (Xinhua) — A blast hit Pakistan’s southwest Chaman city of Balochistan province on Tuesday, leaving at least four people dead including a child and 14 others injured, police said.

However, the officials did not confirm whether any security personnel were killed or injured in the explosion.
The bomb was planted on a motorbike parked near the vehicle and it was detonated with a remote-controlled device, said police.
Following the explosion, rescue teams, police and security forces rushed to the site and shifted the bodies and the injured to a nearby hospital where several among the injured were in critical condition.

Police and security forces have cordoned off the area and launched a search operation to arrest the culprits.
So far, no group or individual has claimed the attack. Enditem

1-A damaged police vehicle is seen at the blast site in Chaman city, Pakistan, on March 23, 2021. A blast hit Pakistan’s southwest Chaman city of Balochistan province on Tuesday, leaving at least four people dead including a child and 14 others injured, police said. (Str/Xinhua)

2-Officials inspect the blast site in Chaman city, Pakistan, on March 23, 2021. A blast hit Pakistan’s southwest Chaman city of Balochistan province on Tuesday, leaving at least four people dead including a child and 14 others injured, police said. (Str/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.