Connect with us

Europe

ရုရှားနိုင်ငံ သမ္မတ ပူတင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူ

ရုရှားနိုင်ငံ သမ္မတ ပူတင်က ကာကွယ်ဆေး ထုတ်လုပ်မှု အစည်းအဝေးတစ်ခုကို video link မှတစ်ဆင့် မတ် ၂၂ ရက်တွင် တက်ရောက်နေစဉ်(ဓာတ်ပုံ - Kremlin photo)

မော်စကို ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရုရှားနိုင်ငံ ပြည်တွင်းထုတ် ကာကွယ်ဆေး သုံးမျိုးအနက် တစ်မျိုးကို မတ် ၂၃ ရက်တွင် ထိုးနှံမှုခံယူခဲ့ကြောင်း ရုရှားနိုင်ငံသမ္မတနန်းတော်(ကရင်မလင်နန်းတော်)၏ ထုတ်ပြန်ကြေညာမှုအရ သိရသည်။

ရုရှားနိုင်ငံ သမ္မတ ပူတင်သည် ကာကွယ်ဆေး ထိုးနှံပြီးနောက် ကျန်းမာရေး ကောင်းမွန်ကြောင်း ၊ သမ္မတသည် မတ် ၂၄ ရက်တွင် တစ်နေ့တာလုံး အလုပ်လုပ်နေမည် ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က သတင်းထောက်များအား ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ပြည်တွင်းထုတ် ကာကွယ်ဆေး သုံးမျိုးဖြစ်သည့် Sputnik V ၊ EpiVacCorona နှင့် CoviVac တို့အနက် သမ္မတ ပူတင် အနေဖြင့် မည်သည့် ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့သည်ကို ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားခဲ့ပြီး ကာကွယ်ဆေး သုံးမျိုးစလုံးသည် စိတ်ချရပြီး အစွမ်းထိရောက်မှုရှိကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————
(English Version)

Putin receives COVID-19 vaccination

MOSCOW, March 23 (Xinhua) — Russian President Vladimir Putin received one of the country’s three domestic vaccines against the coronavirus on Tuesday, the Kremlin announced.
Putin is feeling well after the shot and he will have a full working day on Wednesday, Kremlin spokesman Dmitry Peskov told reporters.
He said the Kremlin will not disclose which of the vaccines, namely Sputnik V, EpiVacCorona and CoviVac, Putin had received, adding that all of them are “safe and effective.” ■