ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် အတွက် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာအနေဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲပေါင်း ၇ ခု ကိုယှဉ်ပြိုင်သွားရန်ရှိပြီး လေ့ကျင့်မှုများအား အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သက်ထားသူဇာ က ဆင်ဟွာကိုပြောသည်။
ကျန်းစူး၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ကာဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းလုံးရှိပြည်သူများကလည်း ထိုရောဂါဆိုးကြီးကို တိုက်ဖျက်ရန် နည်းလမ်းပေါင်းစုံနှင့် တစ်တပ်တစ်အား ပါဝင်လျက်ရှိသည်။ တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစူးပြည်နယ် စုရန် စီရင်စုတွင် နယ်မြေရဲတပ်ဖွဲ့မှ ဗဟိုလမ်းမကြီးများ တစ်လျှောက်သွားလာနေကြသူများကို မျက်နှာဖုံးများမပြတ်တပ်ဆင်ထားရန် Drone များဖြင့် ကြည့်ရှု ကာ...
ဝူဟန့်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ဝူဟန့်မြို့ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူများကို ကုသသည့် ဆေးရုံ သို့ xinhua သတင်းဌာနမှ သတင်းထောက် Xu Zeyu က သွားရောက်ကာ မျက်မြင်အခြေအနေများကိုရိုက်ကူးတင်ဆက်ခြင်းဖြစ်ပါသည်။ (Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ပြန်လည်သက်သာလာပြီးနောက် ဆေးရုံအသီးသီးမှဆင်းခွင့်ရခဲ့သူ အရေအတွက်မှာ ဖေဖော်ဝါရီ ၆ ရက်ညပိုင်းအထိ ၁,၅၄၀ ဦးအထိရှိလာခဲ့ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၇ ရက်၌ ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံ ပင်လုံလမ်းမပေါ် (၃၅)ရပ်ကွက် ကျောင်းလမ်းရှိ CB Bank (မြောက်ဒဂုံဘဏ်ခွဲ) အား ယနေ့ နံနက် ၉နာရီဝန်းကျင်က ဓားပြတိုက်ပြီး ဗုံးအတု ထောင်ခဲ့သော အဓိကတရားခံအား ဆက်လက်ရှာဖွေနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။