နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ပြည်တွင်းအခွန်းများဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ယာဉ်တန်ဖိုးစံနှုန်းများသတ်မှတ်ရာတွင် ပိုမိုနီးစပ်မျှတမှုရှိနိုင်မည့် စံနှုန်းများဖြစ်စေရန် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ရန် အစီအစဉ် ရှိသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြရာ အမေရိကန်အနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျိုးကြောင်းလျော်ညီစွာ တုံ့ပြန်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) က တရုတ် နိုင်ငံ ဝူဟန့် မြို့ ပြည်သူလူထု တို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို အမြန်ဆုံးသက်သာစေကြောင်း မြန်မာပြည်သူများ၏ ဆုတောင်း အားပေးစကားအသီးသီးပြောကြားခဲ့ကြသည့် ရုပ်သံဖိုင် ကို ဆင်ဟွာသတင်းဌာနမှ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။(Xinhua)
ဝူရှီ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ဝူဟန့်မြို့ တွင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် negative pressure ambulance အမျိုးအစား အရေးပေါ် လူနာတင်ကား အစင်း ၃၀ ကို တရုတ်နိုင်ငံအရှေ့ပိုင်း ဝူရှီ မြို့ မှ ဝူဟန့်မြို့ သို့ အမြန်ပို့ဆောင်ပေးခဲ့သည်။ ၎င်းအရေးပေါ်ကားများမှာ SAIC...